ရှက်သွားတာလား စိတ်ဆိုးသွားတာလား မသိလိုက်ဘဲ အပြင်ပြေးထွက်သွားတဲ့ ဒေါ်မျိုးမမစံ ကိုကြည့်ရင်း မှိုင်းညိုမောင် တစ်ယောက် အသည်းယားနေတာအမှန်ပင်။ စားပွဲပေါ်က ကော်ဖီခွက်ကိုယူရင်း
"ဟော ဟိုအပျိုကြီးဖုန်းကျန်ခဲ့ပြီ"ဒေါ်မျိုးမမစံလည်း ကားပေါ်ရောက်မှ သက်ပြင်းချနိုင်တယ်။
"ဒီကလေးမလေး လူကြီးကို ပမာမခန့်နဲ့" တစ်ယောက်တည်း တီးတိုးစွာ ပြောနေရင်း*ဒေါက် ဒေါက်*
ကားမှန်ကိုလာခေါက်သူမှာ မှိုင်းညိုမောင် ဖြစ်နေတာကြောင့် အနည်းငယ်တုန်သွားသည်။ အခြားတော့မဟုတ် သူပြောတာကို ကြားသွားတာလားဆိုတဲ့ အတွေးနှင့်ပင်။ မှန်ကိုချပေးလိုက်တော့"ဒီမှာ အဒေါ်ကြီးရဲ့ဖုန်း"
"ဟင် အင်း"
"အဒေါ်ကြီးက အူကြောင်ကြားနဲ့"
"ဘာ! မင်းကမှ အူကြောင်ကြား"
"ဒါမယ့် ကျွန်မက အဒေါ်ကြီးလိုအပျိုကြီးမဟုတ်တော့"
"မင်းနော်!"
"အာ ဆောရီးဆောရီး ဟီး အိမ်ကိုဂရုစိုက်ပြန်နော် အပျိုကြီးမမ"
"အင်း" ဟုပြောကာ မှန်ပိတ်ပြီး ထွက်လာရာ အိမ်ပြန်လမ်းတစ်လျောက်တွင် မှိုင်းညိုမောင်ရဲ့ "အပျိုကြီးမမ"ဟူသော စကားလုံးကို ဘယ်လိုရင်ခုန်းမိမှန်းမသိ ရင်ခုန်နေတာအမှန်။
- - - - - - - - - - - - -
"ဟဲ့ ဒီနေ့အခြေအနေ"
"ဒီလိုပါပဲကွာ ငါစတာ နည်းနည်းလွန်သွားတယ်"
"လုပ်လာပြန်ပြီ ဟိုက နဂိုတည်းက ခပ်ချေချေပါဆိုမှ"
"အပျိုကြီးလို့ပဲ ပြောလိုက်မိတာပါဟ"
"သေရော"
"အဟီး မနက်ဖြန် ဆေးရုံသွားလိုက်ဦးမယ်"
"ဟင် နင့်မာမီ ဆေးရုံမဆင်းရသေးဘူးလား"
"ဆင်းပြီးတာ ကြာပေါ့"
"အဲ့တာ ဘာသွားလုပ်မှာ"
"အပျိုကြီးမမကို သွားတွေ့မလို့ဟေ့"
"ကြည့်လည်း လုပ်ဦး မှိုင်းညိုမောင်ရေ နင့်အစား ငါ ပါး ယားလာပြီ"

YOU ARE READING
စွန့်လွှတ်လိုက်ရတဲ့ ကြိုးမျှင်လေး
Romanceရစ်ဘီးလုံးရဲ့ ထိန်းချုပ်မှုနဲ့အတူ စွန်ရဲ့ နှောင်ကြိုးအပ်ချည်မျှင်လေးဟာ ကောင်းကင်မှာ လေနဲ့ ယိမ်းနွဲ့စွာ ပျံသန်းနေရင်း ကြိုးမျှင်လေးမပြတ်တောက်သွားအောင်၊ စွန်လေးကို ကိုယ့်စီ ပြန်ရောက်လာအောင် ထိန်းပြီး ပြန်သိမ်းချင်ကြသူတွေပါပဲ။ ကိုယ်က လွဲရင်ပေါ့ မောင်...