p-6 z

124 0 0
                                    

"အာရုံဦး"

"‌ဗျာ"

"ကျစ် အသံနောက်မှပေး လူအရင်လာ "

"ဘာခိုင်းမှာလဲ"

" မင်းအလုပ်ကို ဘယ်လိုလုပ်နေတာလဲ ဒီမှာ ငါ့အင်္ကျီ‌တွေ  မီးပူ တိုက်တာတောင် ပွနေတယ်"

"အဲ့တာ ငါ တိုက်တာ မဟုတ်ဘူး"

"ကျစ် မင်း ငါ့ကိုပြန်မပြောနဲ့"

"ငါက ငါ မလေုပ်‌‌ကြာင်းရှင်းပြနေတာလေ ပြန်ပြောတာမှမဟုတ်ပဲ"

"ဖြောင်း..."

"မင်းငါ့ကို ပြန်ပြောခွင့်မရှိသလို ရှင်းပြခွင့်လဲ မရှိဘူး ငါပြောရင် မင်းက ငြိမ်ခံရမှာပဲ"

"ဟက် ကျွန်တော်က ဘာမလို့ ခင်များပြောတာကို ငြိမ်ခံရမှာလဲ"

"ဟက် မင်းက ငါ့ကို အာခံရဲတယ်ပေါ့ ဟက်ကောင်းပြီလေ မင်းဒီနေ့က စပြီး အရှင် လတ်လတ် ငရဲကြပြီ ဆိုတာ မင်းမှတ်ထား"

"ခင်များနဲ့ ယူကတည်းက ကျုပ်ဘဝက ငရဲကြပြီးသား"
"အား..."အာဏာတည်တံ့ဟာ အာရုံဦးကို  တရွတ်တိုက် ဆွဲလာသည် အာရုံဦး ရုန်းပေမယ့် တစ်ဖက်လူက အာရုံဦးထက် ပိုပြီး အားသန်နေတာကြောင့် ရုန်းလို့မရပေ

မြေအောက်ခန်းထဲရောက်တော့ အာဏာဟာ အာရုံလက်ကို ကြိုးတုတ်လိုက်ပြီး ဘေးမှ တိုင်ကို ချည်လိုက်သည်

"ခင်များ ဘာ ဘာလုပ်နေတာလဲ"

"ဘာလုပ်မယ် ထင်သလဲ"
"မင်း အမှောင် ကြောက်တယ် ဆိုလားပဲ"

"ခင်များ!!!"

"ဖြောင်းး ငါ့ကို မခေါ်နဲ့ မင်းငါ့ကို အော်‌ရလောက်တဲ့အထိ အဆင့်မရှိဘူး"
"မင်း ငါ့ကို တောင်းပန်ရင် ဒီအခန်းထဲမှာ ၁နာရီပဲ မင်းကိုထားမယ်"

"ကျုပ် ခင်များကို မတောင်းပန်နိုင်ဘူး"

"ကောင်းပြီလေ မင်းဝဋ်ကြွေးဆပ်လိုက်ဦးပေါ့"

အာဏာတည်တံ့ဟာ ထိုသို့ပြောပြီး မြေအောက်ခန်းထဲမှ ထွက်သွားသည်

အာဏာတည်တံ့ ထွက်သွားပြီး မီးပါ တစ်ခါတည်း ပိတ်သွားသည်

အာရုံ့ ကြောက်စိတ်တွေဝင်လာသည်
အာရုံငယ်ငယ်လေးကတည်းက အမှောင်ကြောက်တာကြောင့် အခုလိုမျိုး အမှောင်ထဲမှာ တစ်ယောက်တည်းမနေရဲပါ

ဗီလိန် (Villain)Where stories live. Discover now