Ch 17

346 34 9
                                    

(Unicode)

2ပတ်ခန့်ကြာသော်

"daou နေပါအုံး"

"မရဘူး အိမ်ကလူတွေကိုပြောဖို့ ကိုယ်တို့ ကတိပေးထားပြီးသားလေ"

"daou အခုမှခရီးက ပြန်ရောက်ခါစနော်"

"ကလေးလေးကလည်း ကိုယ်ကအိမ်ကိုပြောပြီး မြန်မြန်လက်ထပ်ချင်နေပြီ"

"မလောပါနဲ့ ကျွန်တော်ကထွက်ပြေးသွားမှာမှမဟုတ်တာ"

"ဘာလဲ ကိုယ့်ကိုတာဝန်မယူချင်တော့ဘူးလား"

"မယူချင်ဘူး"

"offroaddd"

"တွဲနေတယ်လို့ပြောချင်လည်းပြောလိုက် လက်ထပ်ဖို့ကိစ္စကတော့နေပါအုံး ကျွန်တော့်အိမ်ကိုဘာမှမပြောရသေးဘူး"

"ကိုယ့်မိဘတွေကိုပြောပြီးရင် ကလေးလေးမိဘတွေကိုပြောဖို့ မန္တလေးသွားရအောင်လေ"

"အခုမှ ခရီးကပြန်လာတာလေ ထပ်ပြီးခရီးထွက်အုံးမလို့လား မပင်ပန်းဘူးလား"

"ကလေးနဲ့အတူတူဆိုရင် ဘယ်သွားရ သွားရ မပင်ပန်းဘူး"
***

"ကျွန်တော်နဲ့ offroadနဲ့တွဲနေကြပြီ ကျွန်တော် offroadကိုလက်ထပ်ခွင့်လည်းတောင်းထားပြီးပြီ သဘောမတူလို့မရတော့ဘူး"

"မင်းက ငါတို့ကိုသဘောတူ မတူမေးတာလား၊ လုပ်ချင်ရာလုပ်ပြီးသွားလို့ပြောပြတာလား"

"ဦးလေး daouက စကားပြောမတတ်လို့ပါ Daou စကားကိုရိုရိုသေသေပြောလေ"

"ဟုတ်ကဲ့ အဖေ သားတို့ကိုလက်ထပ်ပွဲကျင်းပပေးပါတော့ မြန်လေကောင်းလေပဲ မနက်ဖြန်ဆိုလည်းကိစ္စမရှိပါဘူး"

"မင်း မင်း ..."

"ကိုအောင်ကလည်း စိတ်လျော့ပါ သားdaou သားအဖေကို အန်တီကြည့်ပြောထားလိုက်မယ် သွားတော့နော်"

"ကိုယ့်ဘာသာလက်ထပ်ပွဲလုပ်လိုက်လည်းရတယ် တော်ကြာလက်ထပ်ပြီးမှအဖေတို့ကိုပြောတယ်ဖြစ်နေမှာစိုးလို့ ကြိုပြောပြတာကို ဒေါသထွက်နေလိုက်တာ"

"မင်း မင်းတော့ ငါ့ကိုအသေသတ်နေတာပဲ"

"daouလာ သွားစို့"

ကိုယ့်အပိုင် (ongoing)Where stories live. Discover now