Pt.33

409 74 216
                                    

နာရီလက်တံတချောက်ချောက်မြည်‌နေသံက တိတ်ဆိတ်နေသည့် မြေအောက်ခန်းလေးထဲတွင် စည်းချက်ညီညီထွက်ပေါ်နေသည်...

ဆော့ဂျင်သတိရလာပြီဆိုပေမဲ့ တစ်ကိုယ်လုံးကို ကိုင်ရိုက်ခံထားသလို ကိုက်ခဲနေတာမို့ ချက်ချင်းမထထိုင်နိုင်သေးပေ...

ပင့်ကူမျှင်တချို့တက်နေသည့် မျက်နှာကြက်မှပန်ကာကို စိုက်ကြည့်နေရင်း သူမှတ်ဥာဏ်ထဲတွင် ထင်ကျန်နေဆဲ နောက်ဆုံးအဖြစ်အပျက်ကို ပြန်တွေးနေသည်... တိုက်ခေါင်မိုးပေါ်က လေတိုးသံတချို့ရယ်၊ တိုက်အောက်ကိုခုန်ဆင်းသွားတဲ့လူ‌တွေရဲ့ အော်သံနက်နက်ရယ်၊ ဦးနှောက်ထဲထိစွဲနေတဲ့ နှင်းဆီရနံ့ရယ်...

လက်ရှိပစ္စုပ္ပန်ကိုပြန်ရောက်လာချိန်မှာတော့ နားစည်ထဲစိမ့်၀င်လာသည့် မျက်လုံးအိမ်မှမျက်ရည်တချို့...

ပက်လက်လန်လှဲအိပ်နေရင်း မျက်လုံးအကြောင်သားနှင့်မို့ စီးကျလာသည့်မျက်ရည်စတို့က အနည်းငယ်ပွန်းနေသည့်ပါးပြင်ပေါ် ဖြတ်လာကာ စပ်ဖျင်းဖျင်း...

ထိုစဉ်...

"ဒီနေ့အပြီး ဒီCCTV တွေတပ်"

ခပ်လှမ်းလှမ်းမှ လျှောက်လာရင်းပြောနေသံ...

ဘယ်သူ့အသံဆိုတာကို သိနေတာမို့ သူ မလှုပ်မယှက်သာ နေ,နေမိသည်...

သူ့ဆီ တဖြည်းဖြည်းနီးလာသော ခြေသံနှင့်အတူ...

"ဂျင်နိုးနေပြီပဲ... ကိုယ်ဒီမှာ CCTV တပ်မလို့၊ အသံတော့ နည်းနည်းဆူမယ်"

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အပေါ်မျက်နှာကြက်ကို မော့ကြည့်နေဆဲသူ့ကိုကြည့်ကာ ကုတင်ဘေးစွန်းတွင် ၀င်ထိုင်လိုက်ပြီး တလက်စတည်း သူ့ကိုပါ ဆွဲထူလိုက်သူ...

"ဂျင့်ကိုမျက်နှာသစ်ပေးမယ် လာ"

ဒူးခေါက်ကွေးကနေ ဆတ်ခနဲပွေ့ချီလိုက်တော့ ခန္ဓာကိုယ်တစ်ချက် ကျုံ့ခနဲဖြစ်သွားသလိုကလွဲရင် ဘာအသံမှမထွက်လာသည့်ဆော့ဂျင်သည် လုပ်ချင်တာလုပ်ဟု စိတ်လျှော့ထားပုံ...

သူအိပ်နေရာနှင့် သိပ်မဝေး‌သည့်ရေချိုးခန်းထဲ ၀င်သွားတော့ သံချေးတက်စပြုနေသည့်ဘေစင်ရယ်၊ မသုံးတာ ဘယ်နှနှစ်လောက်ရှိမလဲမသိသည့် ဘိုထိုင်အိမ်သာတစ်ခုရယ်၊ ၀ါညစ်ညစ်ရေချိုးကန်ရယ် အေးစက်စက် အထိအတွေ့...

𝐊ɪᴍWhere stories live. Discover now