ကျွန်မက အချစ်ဇာတ်လမ်း ဒရမ်မှာ အဲ့လိုပဲရေးချင်တာမို့လို့ ကြားထဲ လုပ်ငန်းကိစ္စတွေသိပ်မပါတာ အဆင်ပြေရဲ့လားမသိဘူး.. မပြေလည်းမတက်နိုင်ဘူးလေ ကျွန်မမှ မရေးတက်တာ..
.
.
.
တလ တကယ်ကိုတလဆိုတဲ့အချိန်ကာလတခုကိုကြာလို့သွားတာ.. Taehyung တယောက်လည်း နေ့တိုင်း ဘာရယ်မသိမျှော်နေမိသည်..ထိုတလအတောအတွင်းမှာ စာမေးပွဲလည်း ဖြေလို့ပြီးသွားခဲ့သည်..နေ့တိုင်းပြန်မလာသေးဘူးမှန်းသိနေပေမယ့် နေ့စဥ်မပျက်ရောက်လာမိတဲ့ အိမ်ကြီး..
တာဝန်တခု အကြွေးတခုအနေနဲ့ လာနေတာမှန်ပေမယ့် သူစိတ်ထဲ UJay ဆိုတဲ့ လူကြီးကိုမျှော်နေမိတာလည်းအမှန်ပင်..ဘာကြောင့်လည်း ဘာလို့လည်းဆိုတာ သူမသိ..
" တလတောင်ရှိနေပြီ အလုပ်တွေမပြီးသေးလို့လား ဘာအလုပ်တွေလုပ်လို့လည်း Hobi ပြောသလို စီးပွားရေးလုပ်တာ အဲ့လောက်ကြာကြီးသွားဖို့လိုလို့လား စီးပွားရေးက ဘာစီးပွားရေးလည်း "
တယောက်ထဲ အိမ်ကြီးထဲ တောင်ကိုင်မြှောက်ကိုင်နဲ့ စဥ်းစားခန်းဝင်နေချိန် အိမ်ထဲသို့ ကားတစီးဝင်လာသံကြားသလိုဖြစ်ကာနားထောင်နေတုန်း ကားသံတိတ်သွားပြီးမကြာဘူး အိမ်တံခါးမကြီးပွင့်လာချိန် သူမျှော်နေတဲ့ UJay ကိုလှမ်းမြင်လိုက်ရတော့သည်..
Taehyung တယောက်နောက်ခန်းထဲကနေအိမ်ရှေ့ ဧည့်ခန်းမစီသို့ ပြေးထွက်သွားကာ သက်တော်စောင့်တွေကြားကနေ UJay ကိုသွားကြိုလိုက်သည်..
သက်တောင်စောင့်တွေကြားက လူကောင်သေးသေးလေးနဲ့ မျက်ဝန်ဝိုင်းဝိုင်းလေးတွေဖြင့် ကြည့်နေတဲ့ Taehyung..UJay ရဲ့အကြည့်တို့ဟာလည်း Taehyung စီသို့ရောက်သွားတော့သည်..
Tae pov: UJay ပိန်သွားသလိုပဲ
ဆိုဖာမှာ ထိုင်ကာ မျက်လုံးမှိတ်လို့ခဏမျှအနားယူနေသလိုရှိကာ မကြာပါဘူး သူ့အခန်းထဲသို့ ဝင်သွားတော့သည်..တော်တော်ကြာကြာမှာ ဝတ်စုံအပြည့်ဖြင့်ပြန်ထွက်လာတဲ့ UJay.. Taehyung မှာတော့ အနောက်ကနေလိုက်နေမိသည်
" ငါ ညပြန်လာရင် မင်းချက်ထားတဲ့ ညစာစားချင်တယ် "
" ဗျာ ဟုတ်ကဲ့ "