.... အလည်လာတဲ့ ဧည့်သည်....
****
နံနက်ပိုင်း..
သာယာလှသည့် နေ့တစ်နေ့ ဖြစ်သလို...
ဒီနေ့မှာတော့... ချင်းတောင်တန်းပေါ်မှာ ပွဲတော်တစ်ခု ရှိသည်မို့... အရင်ကတည်းက ခင်မင်ရင်းနှီးလာသည့် သူငယ်ချင်းများက ကျွန်တော် တာဝန်ကျရာ ချင်းတောင်ဘက်သို့ အလှည့်အပတ်ဆိုပြီး လာကြမည်ဟု ဆိုထားသည်မို့...📱... "အေး... ငါတို့ ရောက်လာပြီ...။ စစ်ဆေးရေးဂိတ်မှာတော့... ဆရာဝေး ဧည့်သည်တွေလို့ ပြောခဲ့တယ်။"
"အဆင်ပြေတယ် မလား..."
"ပြေပါတယ်... ဒါပေမယ့် အဲ့ဒီမှာ ခေါင်းဆောင်ငယ်ဆိုတဲ့ သူက သွားမယ့်နေရာတွေကို သတင်းလာပို့ဖို့ပြောတယ်။"
"သြော်... ရတယ်..ရတယ်...။ ရွာလမ်းမအတိုင်း ကျောင်းဘက်ကို မောင်းခဲ့...။ ကျောင်းရှေ့မှာ ထွက်ကြိုမယ်နော်။"
"အေး... ဒါဆို ဖုန်းချလိုက်တော့မယ်...။"
"အင်းအင်း..."
ဖုန်းပြောပြီးသည်နှင့် သူတို့အလာကိုသာ ကျောင်းရှေ့မှာ ထွက်ပြီး စောင့်နေမိတော့သည်။ ကျွန်တော် နေသည့် နေရာက ကျောင်းနဲ့ နည်းနည်းဝေးသည့် နေရာမို့ သူတို့ မလာတတ်မှာစိုး၍...
ဒီနေ့ ပွဲတော်နေ့မို့ ကျောင်းပိတ်လို့သာ အနည်းငယ် တော်တော့သည်။ နိုမို့ဆို မိမိမှာ ကျောင်းတစ်ဖက်နဲ့ သူတို့နဲ့က တစ်သက်လုံး ပြီးမှာမဟုတ်တော့...။
မိနစ်အနည်းငယ် အကြာ...
မိနစ်အနည်းငယ် အကြာမှာတော့ ကျွန်တော်ရှိနေသည့်နေရာသို့ အဝေးက မောင်းလာသည့် ကားတစ်စီး...
အနားသို့ ရပ်တန့်လိုက်ပြီးသည်နှင့် ထိုကားပေါ်မှ သူငယ်ချင်းများကတော့ ကျွန်တော့်နာမည်ကို မှည့်ခေါ်ပြီး ဝိုင်းဖက်ကြသည်။
"ဝေး... မင်းကတော့ အရင်အတိုင်းပဲ ချောမောဆဲနော်...။ ပြီးတော့ မင်း ဝါသနာအတိုင်း မြို့ပြနဲ့ဝေးရာ သီးသီးသန့်သန့် နေနိုင်ခဲ့ပြီ ထင်တယ်။ ဒါနဲ့ ဒီတောင်ပေါ်မှာပဲ မင်း တစ်သက်လုံး နေဖို့ စဥ်းစားထားတာလား..."