နောက်နေ့များတွင် Gem၏ သူငယ်ချင်းများတစ်ယောက်ပြီး တစ်ယောက်လာကာ သတင်းလာမေးကြသည်။ Gemသည်တော့ အိပ်ယာထက်တွင် မျက်လုံးများမှိတ်ထားလျက် လှဲလျောင်းနေခဲ့သည်။လာရောက်သတင်းမေးသူများတွင် May သည်လည်း လာရောက်ခဲ့ပါသည်။
တံခါးခေါက်သံနှင့် အတူ May သည် လက်ထဲတွင် ပန်းစည်းကိုင်လျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် Fot သည် Gem၏ လက်ချောင်းလေးကို အဝတ်စိုလေးနှင့် သန့်ရှင်းရေးလုပ်ပေးနေသည်။ အရှင်းမပျောက်သေးသော ဒဏ်ရာလေးကို မထိစေရန် ထပ်ပြီး မနာကျင်သွားစေရန် ဂရုတစိုက် သုတ်ပေးနေသည်။
May သည် Fotကို ကြည့်ရင်း ပန်းစည်းကမ်းပေးကာ မေးလိုက်သည်။
"Gem က ဘယ်လိုဖြစ်ရတာလဲ"
Fot သည် Gem၏ မျက်နှာကို ငေးကြည့်လိုက်ရင်း ဖြေသည်။
"အက်စီးဒန့်"
"ငါသိချင်တာက ဘယ်လိုကြောင့် ဖြစ်သွားရတာလဲ Gem က အရမ်းသတိကြီးတာ ... အထူးသဖြင့် ကားမောင်းရင်"
Fot သည် Mayပေးသည် ပန်းစည်းကို ပန်းအိုးတွင် ထိုးလိုက်ရင်း ဖြေလိုက်သည်။
"ကားကို ကျော်တတ်ရင်း ဖြစ်တာတဲ့"
"ဘယ်လိုများ ဖြစ်ရတာလဲဟယ် ဘာတွေများ အလောတကြီး ရှိခဲ့လို့လဲ"
Fot သည် လက်ထဲက ပန်းးကို ခပ်တင်းတင်းလေး ကိုင်လိုက်မိရင်း
"ငါ့ကြောင့်... ငါ့ကို ဒေါသထွက်သွားတာ ငါ့ဆီလိုက်လာတဲ့ လမ်းမှာ ဖြစ်တာ"
"ဟမ် နင်က ဘယ်သွားတာမို့သူက အသည်းအသန် လိုက်ရတာလဲ"
Fot သည် အသံများတိမ်ဝင်သွားရင်း
"ငါ .. ငါ... ကယ်လီဖိုးနီးယားကို သွားတော့မှာ"
Fot ၏ အဖြေကိုကြားတော့ May သည် တအံတဩ ဖြစ်သွားသည်။ ခေါင်းတွေကို ခါရင်း ပြောသည်။
"ဘာ နင်က ထပ်ထွက်သွားဦးမလို့ လုပ်ခဲ့တာလား အဲ့တာဆို Gem ဒီလို ဖြစ်သွားတာ မထူးဆန်းတော့ပါဘူး"
Fot သည် May၏ စကားအဓိပ္ပါယ်ကို နားမလည်သောကြောင့် မျက်မှောက်ကြုံမိကာ မေးခွန်းထုတ်လိုက်သည်။