ကျွန်တော်သတ်ခဲ့တယ်။

10 2 0
                                    

ကျွန်တော်သတ်ခဲ့တယ်။

ခင်များတို့ ကြားဖူးကြလား။ဟမ်မူရာဘီ ကိုဓဥပဒေဆိုတာလေ။အလွယ်‌ပြောရရင်မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဆိုတာပေါ့။အဲ့နည်းကိုကျွန်တော်ငယ်ငယ်လေးထဲကကြိုက်တယ်။မတရားမှုအတွက်တရားအောင်ဖြေရှင်းပေးတဲ့နည်းပေါ့လေ။

သူကကျွန်တော် ကျောင်းသားဘဝကတည်းကချစ်ခဲ့တဲ့ မိန်းကလေး။အရမ်းလှတယ် အရမ်းကြည်လင်တယ် အရမ်းလည်း ပွေတယ်။ကျွန်တော်သူ့အချစ်ကိုလိမ်မာပါးနပ်စွာ ရရှိခဲ့ပါတယ်။သူကလဲကျွန်တော့်ကို သိပ်ချစ်ရှာတာ။လွန်ခဲ့တဲ့အပတ်ကဒီအချိန်လောက်ထိပေါ့။သူကျွန်တော့်ကိုမေးဖူးတယ် တစ်နေ့သူသာဖောက်ပြန်သလိုဖြစ်ခဲ့ရင် ကိုဘာလုပ်မလဲတဲ့ သတ်ပစ်မှာပေါ့လို့ ကျွန်တော်ရယ်ရယ်မောမောနဲ့ပဲပြန်ဖြေခဲ့တာ။အဲ့တာကြောင့်မို့လဲ သူကျွန်တော့်စကားကို စနေတယ်လို့ထင်ခဲ့တာဖြစ်မယ်။အခုတော့ယုံလောက်ပါပြီ ကျွန်တော်််သိတယ်။

ညနေခင်းမှာ ရည်းစားဟောင်းဖြစ်သူနဲ့ဆိုင်တစ်ဆိုင်မှာထိုင်ပြီးစကားတွေ ပြောနေကြတဲ့မြင်ကွင်းကို ဘယ်လိုသဘောရလဲ။သူငယ်ချင်းပါလို့ပြောရင် ယုံလို့ရနိုင်လား။
ကျွန်‌တော်လူညံ့မှမဟုတ်ဘဲ သိတာပေါ့။
ရည်းစားဟောင်းသာဖြစ်တယ် သူ့အကြောင်းလဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သေသေချာချာသိပုံမရပါဘူး။အမှတ်ရမလားလို့ အလိုက်တသိ မှာပေးတဲ့ သဘော်သီးထောင်းမှာ သူနဲ့မတည့်တဲ့ မြေပဲဖယ်ပေးဖို့ကိုမပြောခဲ့ဘူး။ခက်တာပဲ အချစ်ရယ် မင်းပြန်ပတ်သက်နေတဲ့လူက အဲ့ဒီလောက်တောင် အသေးစိတ်မကျတာမင်းမသိဘူးလား။မြေပဲစားမိပြီး အသက်ရှုတွေကျပ်လာရင်ဘယ့်နှယ့်လုပ်မလဲ။တစ်ခုခုဆို ကိုယ့်မှာရင်ကျိုးရချည်ရဲ့။

"နင်စောက်ရမ်းရုပ်ပေါက်တယ်
မုန့်ကျွေးမယ် လမ်းထိပ်ခဏဆိုလို့
ထွက်တွေ့ရုံလေးကို အဲ့သလောက်ထိသဝန်မ ကြောင်စမ်းနဲ့"

ကျွန်တော်လဲ ဒေါသထွက်မိနေတော့ အရင်ကအကြောင်းတွေပါအစပြန်ဖော်မိတယ်။တွဲခဲ့၁၁လအတွင်းမှာ မကြိုက်ပါဘူးအတန်တန် ပြောထားရက်နဲ့ သူ အဲ့ဒီကောင်လေးနဲ့တွေ့ခဲ့တာ ငါးကြိမ်မကတော့ဘူးလေ။ကျွန်တော့်ရင်ထဲဘယ်လောက်ထိနစ်မွန်းနေမလဲ ဦးနှောက်ရှိရင်စဉ်းစားတတ်ပါလိမ့်မယ်။အဲ့သလိုပြောတော့ သူကငိုတယ်။ငိုသံပါပါနဲ့ ခပ်တင်းတင်းပြောတယ်။

ကျွန်တော်သတ်ခဲ့တယ်။Where stories live. Discover now