ကျွန်တော်သတ်ခဲ့တယ်။ (၂)

2 1 0
                                    

"ခင်ကကျွန်တော့်ကိုမချစ်ဘူး"

ချစ်ခြင်းတရားဆိုတာ တစ်စုံတစ်ယောက်အတွက် တစ်စုံ‌‌တစ်ယောက်က အပြန်အလှန်ရှိပေးခြင်းမဟုတ်လား။တချို့က ချစ်တာ ကြောင့်မဟုတ်ပဲ ကိုယ်နဲ့သင့်လျော်လို့ဆိုပြီး ပေါင်းသင်း နေကြတဲ့လူတွေရှိတယ်။ရှိကိုရှိတယ်။ ခင်က အဲ့လူတွေထဲမှာပါတယ်။
သူ့မျက်လုံးတွေက တစ်ခါတစ်လေကျွန်တော့်ကိုအရမ်းချစ်သလိုပါပဲ။ဒါမယ့်ဒါကတစ်ကယ်မဟုတ်ဘူး ကျွန် တော်သိတယ်။ခင်က ကိုယ့်ကိုကိုယ်လိမ်နေတာ။

လူတစ်ယောက်ရဲ့ဘဝမှာ အကြိမ်ကြိမ်ချစ်နိုင်ပေမယ့် အချစ်ဆုံးလူကတော့ တစ်‌‌ ယောက်တည်းရှိတယ် ဆိုတဲ့ ကဗျာကိုကြားဖူးကြလား။ကျွန်တော့်အထင်အဲ့တာကမှန်တယ်ထင်တယ်။ကျွန်တော့်အတွက်အချစ်ဆုံးလူက ခင်ဖြစ်တယ်။ခင့်အတွက်တော့ ကျွန်တော်မဟုတ်ခဲ့ဘူး။

ခင့်ဘဝမှာကောင်လေးတစ်ယောက်ရှိခဲ့တယ်။အဲ့ဒီကောင်လေးက ခင့်ထက် ၂နှစ်ငယ်တယ်။ခင်နဲ့သူဆက်ဆံရေးမှာ ခင်ကအမြဲအရှုံးဘက်က။အမြဲတမ်းငိုနေရသလို ခင့်မှာ အဲ့ဒီ့ကောင်လေးကြောင့် ပြဿနာ ပေါင်းစုံကြားထဲလဲ ရောက်ဖူးတယ်။ဒါမယ့်ခင်ကအဲ့ကောင်လေးကိုသိပ်ချစ်တာ။သူ့ကိုအရေးတယူ လူသိထင်ရှားမတွဲပြခဲ့တာ တောင်မှလေ။အဲ့ဒီကောင်လေးက ခင့်အပေါ်ဘယ်လောက်ထိရက်စက်နိုင်သလဲဆို ခင့်ကိုအစ်မလိုပဲသဘောထားပါတယ်ဆိုပြီး တခြားကောင်မလေးတစ်ယောက်နဲ့ သွားဒိတ်ဖို့ အတွဲလိုက်စောင့်ခိုင်းတဲ့အထိပေါ့။
ခင်ကလဲကြည်ဖြူတယ်။စဉ်းစားကြည့်ခင့်ရင်ထဲဘယ်လောက်ထိတောင်ကြေကွဲနေမလဲ။ကျွန်တော်ခင့်ကိုသနားလိုက်တာ။

ခင်နဲ့ကျွန်တော် တွဲလာတာကြာပါပြီ။၃နှစ်ဝန်းကျင်ပေါ့။ကျွန်တော်ခင့်ကိုလက်ထပ်ခွင့်တောင်းတော့မှာလေ။စိတ်လှုပ်ရှားလွန်းလို့ လက်တွေပါတုန်တယ်။ဒီတိုင်းကြီး လက်ထပ် ပေးနိုင်မလားလို့ ပြောဖို့ကျ ရိုးတယ်မလား ဘယ်ဖြစ်မလဲ။ ဒီလိုကိစ္စမျိုးက surprised ဖြစ်နေမှရမှာပေါ့။ သူ့အိမ်ကိုဖုန်းကြိုမဆက်ပဲသွားလိုက်တယ်။ခင်က သူ့မောင်‌လေးနဲ့နှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ယောက်တည်းနေတာ။ကျွန်တော့်ယောက်ဖလောင်းလေးကတော့ ကျောင်းမပြီးသေးဘူးပေါ့။ခုမှ၁၁တန်းပဲရှိသေးတာ။အဲ့က‌လေးက အတန်းကြီးဆို တော့ မနက်၇နာရီကနေ နေ့လယ်၁နာရီအထိ သူတို့ကျူရှင်က ခေါ်တယ်။ ကျွန်တော်အိမ်ရောက်တော့၈ခွဲလောက်။လက်စွပ်ဘူးလေးကို ဘောင်းဘီအိတ်ထဲထည့်။ပုံမှန်အပြင်ထွက်တဲ့ပုံအတိုင်းလက်ဆွဲအိတ်‌ေလးကိုင်။ကျွန်တော် ခြံတိုင်မှာ ချိတ်ထားတဲ့ ခေါင်း လောင်း လေး ခေါက်ပြီး ဝင်လာခဲ့တယ်။ ဝင်ဝင်ခြင်းတွေ့လိုက်ရတာ ခင်တော့မဟုတ်။ဟိုကောင်လေး။ အဲ့ဒီကောင်လေး။

ကျွန်တော်သတ်ခဲ့တယ်။Where stories live. Discover now