1🎐

15 1 0
                                    

Unicode

" ကိုကို ရော့ ကြက်အသဲလေးစား "
ဟန်ယူဂျင်းတစ်ယောက် သူ့ဘေးနားရှိ လေးထောင့်ပုံစံ မျက်မှန်တပ်ထားသော သူလေးအား ဟင်းထည့်ပေးလိုက်သည်။

" ဒီမှာလည်း .... ရှိပါတယ် ဟန်ယူဂျင်းဘာသာ စားပါ "

" ကိုကို!! ကျွန်တော် ဘာပြောထားလဲ ဟန်ယူဂျင်းဆိုပြီး နာမည် အပြည့်အစုံ မခေါ်ပါနဲ့ဆို "

" အာ  မေ့.... မေ့သွားလို့ပါ ယူဂျင်းနီး "

ကျွန်တော့်ကိုကိုဟာလေ သိပ်ကို ဖြူစင်တဲ့ လူသားလေး။ ကိုကို့ကို စသိခဲ့တဲ့ အချိန်ကတည်းက အခုချိန်ထိ ကိုကို့ရဲ့ အပြုအမူလေးတွေ၊ အပြောအဆိုလေးတွေကအစ သိပ်ကို နူးညံ့လွန်းတာ။

ကိုကို့နာမည်က ကျန်းဟာအိုတဲ့။

ကျွန်တော့်ကို ကိုကို့ကို ဘယ်လောက်ချစ်ကြောင်း၊ သဘောကျကြောင်းကို သွယ်ဝိုက်ပြီးတော့ရော၊ အပြုအမူအရရော အမြဲတမ်း ပြနေခဲ့ပေမဲ့ ကိုကိုတစ်ယောက်က အခုထိ မရိပ်မိသေးတဲ့ပုံပါပဲ။

တိုက်ရိုက်ဖွင့်ပြောဖို့ကျ ကိုကို ကျွန်တော့်ကို မုန်းသွားမှာ စိုးသည်လေ...။

" ဟျောင့် ဟန်ယူဂျင်း မုန့်ဈေးတန်းနားက ခုံမှာလေ မင်းကိုကို ကို ကောင်မလေးတစ်ယောက် စာပေးနေတာကို ငါ... "

" ဘာ!!!! "

ပတ်ဂွန်းနုရဲ့ စကားပင် မဆုံးလိုက်သေး။ လေအလျင်နဲ့အတူ ပြေးထွက်သွားတဲ့ သူ့ သူငယ်ချင်း အချစ်ရူးလေးကို ကြည့်ပြီး သက်ပြင်းသာ ချမိတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် သွားကြိုက်တဲ့သူက ပုံတုံးတုံး ရိုးရိုးအေးအေး ဒုတိယနှစ်က  စီနီယာ အစ်ကို ကျန်းဟာအိုတဲ့လေ။
ဟိုက ကျောင်းစာအုပ်ပုံထဲက မထွက်တဲ့သူ။ သူ့ချစ်လှစွာသော အချစ်ရူးသူငယ်ချင်းလေးမှာတော့ အစ်ကို ကျန်းဟာအိုနဲ့ ဆန့်ကျင်ဘက် စာဆိုတဲ့အသံကြားတဲ့နဲ့ မူးလိုက်တာ ဆိုတဲ့ သူ။

အဲ့လိုမျိုး သူတို့နှစ်ယောက် ဘယ်လို စခန်းသွားမလဲ ပတ်ဂွန်းနု သိပ်ကို သိချင်ပါသည်။

" ကိုကို !!! "
ဟာအိုတစ်ယောက် မုန့်ဈေးတန်းက မုန့်ဝယ်ပြီးလှည့်အထွက် ကောင်မလေးတစ်ယောက်က သူ့ကို စာလာပေးသောကြောင့် စာကို လက်ခံယူနေရင်း ကြားလိုက်ရတဲ့ အော်သံကြောင့် လန့်သွားတော့သည်။

You've reached the end of published parts.

⏰ Last updated: Nov 08 ⏰

Add this story to your Library to get notified about new parts!

Please Belong To Me 🎐Where stories live. Discover now