Part 17

1.5K 132 22
                                    


"ခင်ရေ........ ဗျို့  မမခင် ၊ ခင်ထွေးလေးရေ ၊ မောင့် အမျိုးသမီးလေးရေ မပြီးသေးဘူးလား ၊ မောင်အခန်းထဲဝင်လာခဲ့ရမလား ခင်"

"လာပြီ မောင်ရေ..... လာပြီ "

ဟွန့်တကယ်ပါဘဲ  အလှူအိမ်မှာ ထမင်းသွားစားဖို့အရေးကို အစောကြီး အခန်းအရှေ့ကနေ လာခေါ်နေတယ် ၊ ယိမ်းရဝီမောင်တို့ ဘယ်လောက်တောင် ငတ်ကြီးကျလဲဆိုတာသာ ကြည့်တော့။

"ကြာလိုက်တာ ခင်ရယ်"

"ဘယ်လိုဖြစ်နေတာလဲ မောင်ရယ် ၊ အစောကြီးရှိပါသေးတယ် ၊ ဟိုမှာ သူများတွေ ပန်းကန်တောင်ချရသေးမှာတောင်မဟုတ်သေးဘူး"

"ခင်ကလဲ မစောတော့ပါဘူး ၊ မေမေနဲ့ ဂိုဂိုတို့တောင် ဆွဲရေးသွားဆွဲနေကြပြီ မောင်တို့ဘဲ ကျန်တော့တာ ၊ မေမေခင်သက်ဆို ဒီအချိန် နှစ်ပန်းကန်သုံးပန်းကန်လောက် စားပြီးနေလောက်ပြီ"

ခင်လဲ ထိုဆွဲရေးသမားလေးကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ထို့နောက် သက်ပျင်းလေးတစ်ချက်လိုက်သည်။

"ဟွန်းး မေမေတို့ကလဲနော် အိမ်မှာ ဟင်းချက်ပြီးစားရင်လဲရတာဘဲကို သက်သက် သူများအလှူအိမ်မှာ သွားစားနေကြတယ်"

"ခင်ကလဲ အိမ်မှာစားတာနဲ့ အလှူအိမ်မှာစားတာနဲ့ ကမတူဘူးလေ ၊ အလှူအိမ်မှာစားက ဟင်းတွေစုံပြီး ပိုပြီးစားကောင်းတယ်လေ ဟီးဟီး "

"လိုက်လဲလိုက်ပါတယ်နော် ဒီချွေးမနဲ့ဒီယောက္ခမ"

ခင်လဲ မျက်စောင်းထိုးကာ ထိုအငတ်ကြီးကျနေတဲ့ ကလေးစုတ်ကို ပြောလိုက်တော့သည်။ မေမေလဲ မေမေဘဲ မနေ့က အိမ်ကို အလှူဖိတ်စာရောက်ကတည်းက ထမင်းမချက်တော့ဘူးတဲ့လေ စားချင်ရင် အလှူအိမ်မှာသွားစားကြတဲ့ ။

"ဟဲဟဲ"

"မယိမ်းရဝီမောင်"

"ဗျား"

"ရှင် တော်တော်အငတ်ကြီးကျတာဘဲနော်"

"ဟဲဟဲ ဝါသနာအရပါခင်ရဲ့ "

"ရယ်မနေနဲ့ သွားမယ် ၊ ဟိုမှာ ကုန်တော့မလား မသိဘူး"

ခင့်အပြောကြောင့် မောင်လဲ  အော်ရယ်လိုက်မိသည်။
"ဘာရယ်တာလဲ သွားမယ်လို့"

ဗျို့  မမခင်Where stories live. Discover now