X

386 75 25
                                        

အေးစက်သော နှင်းစက်တွေကြား ပြေးလွှားနေရတဲ့သူက ချွေးတွေတစ်ကိုယ်လုံးရွဲနစ်လျက်..။

ခိုက်ခိုက်တုန်အောင် ချမ်းစီးနေတဲ့ရာသီဉတုကို သူမမှုအားသေး..။

နောက်ကလိုက်လာတဲ့ လင်းတအုပ်ကြီးကြောင့် အသက်နဲ့ခန္ဓာအိုးစားမကွဲအောင် မနည်းရုန်းကန်နေရသည်။

အကိုင်းအခတ်တို့တွဲလောင်းကျနေသော သစ်ပင်ကြီးအောက်ရောက်တော့ ဒူးပေါ်လက်နှစ်ဖက်ထောက်ကာ ပြေးလွှားခြင်းကို ခေတ္တရပ်တန့်လိုက်သည်။

မရပ်လို့မရ..။ သူလည်း ဟိုက်ထိုးနေပြီ..။

အချိန်တစ်ခုလောက်ကြာတော့ သူ့နောက်မှလိုက်လာသော ကြောက်မက်ဖွယ်အော်သံများနှင့် တောင်ပံခတ်သံများက သိသိသာသာရပ်တန့်သွားကြောင်း သူသတိထားမိလိုက်သည်။

ငြိမ်သက်သွားသောအသံတွေကို သေချာအောင်နားစွင့်ရင်း သစ်ပင်ကြီးအောက် ထိုင်ချလိုက်သည်။

ကောင်းကင်တွင်သာနေသော လရောင်ကြောင့် သစ်ပင်ကြီး၏အရိပ်က အုပ်အုပ်ဆိုင်းဆိုင်း ဖြာကျနေသည်။

ထိုခဏ ပြေးလွှားထားရ၍ မောပန်းမှုများကို ပင့်သက်ရှိုက်ကာ မှုတ်ထုတ်ပစ်လိုက်သည်။

အနည်းငယ်တော့ သက်သာသွားသည်ထင်ရတာပေါ့..။

သို့သော် တဖြူးဖြူးတိုက်ခတ်လာသော လေပြေညင်းနှင့်အတူ သူကျောပေးထားရာ တောအုပ်တန်းဆီမှ ခြောက်ခြားဖွယ်ကောင်းသော ဆွဲဆွဲငင်ငင် ခွေးအူသံကြီးထွက်ပေါ်လာသည်..။

အာ...ဝူးးးးအူးးးးးအူးးးး.....

ဆော့ဂျင်ဆံပင်မွှေးတွေ ထောင်သွားသလိုခံစားရသည်။

ကြက်သီးမွှေးညင်းတွေထသွားပြီး ခေါင်းတွေပါကြီးလာသလိုလို..။

ခွေးအူသံသည် အနောက်ဘက်တောအုပ်အစပ်မှနေ၍ သူ့နောက်ကျောတည့်တည့်သို့ တဖြည်းဖြည်းနီးကပ်လာသလိုပင်..။

ဆော့ဂျင်သည် ခန္ဓာကိုယ်က အကြောတွေဆိုင်းသွားသည့်နှယ် ကျောတွေချမ်းစိမ့်တက်လာပြီး နေရာမှာတင် ကျောက်ရုပ်ကြီးလို မလှုပ်မယှက်ထိုင်နေမိသည်။

The Castle Of WizardWhere stories live. Discover now