1

18 0 0
                                    

AAH construction company ကြီးသည် မြန်မာနိုင်ငံတွင် Top 3ဖြစ်သည်။

AAH၏CEOသည် ဦးအောင်လင်းခန့်ဖြစ်သည်။စီးပွားရေးလောကတွင် နာမည်ကြီးပြီး စေ့စပ်လွန်းသောကြောင့်လူအများရဲ့လေးစားခြင်းကိုလည်းခံရပြီးနာမည်လဲကြီးသည်။အသက်အားဖြင့်37ဖြစ်သည်။

AAHရဲ့ ရုံးခန်းတစ်ခုတွင် ဦးအောင်လင်းခန့်နှင့်အမျိုးသမီးတစ်ဦးထိုင်နေသည်။

"ငါသွားတွေ့ခိုင်းတဲ့ silver က သားကိုဘာလို့သွား‌မတွေ့ခဲ့တာလဲ ဆူးထက်နှင်းဆီ ဟိုကအချိန်အကြာကြီးစောင့်နေခဲ့တာဘယ်လောက်အားနာဖို့ကောင်းလဲ။"

"ညီမလေးမတွေ့ချင်ဘူးလို့အစ်ကို့ကိုပြောခဲ့ပြီးသားပါ မသွားချင်တာကိုဘာလို့သွားနေရမှာလဲ"

ဆူးထက်နှင်းဆီသည်ဦးအောင်လင်းခန့်၏ညီမဖြစ်ပြီး AAH၏ Architectဖြစ်သည်။

ဦးအောင်လင်းခန့် ညီမဖြစ်သူကိုကြည့်ပြီးသက်ပြင်းချမိသည်။

အသက်က30ဖြစ်နေပြီ။အိမ်ထောင်လဲမပြုသေး။ချစ်သူရည်းစားဟုပင်မရှိ ညီမဖြစ်သူကိုလိုချင်သည့် သူကများလှသည်။ထက်လဲထက်မြက်ပြီးပြောရလဲခက်လွန်းလို့ညီမဖြစ်သူကိုသူနည်းနည်းမှစိတ်မချပါပေ။

"နင့်အသက်လဲ30ဖြစ်နေပြီ ဒီအရွယ်မှအိမ်ထောင်မပြု ဘယ်အရွယ်ပြုမှာလဲ ငါသွားတွေ့ခိုင်းတဲ့လူကလဲ စိတ်ဓာတ်ကော အသိုင်းအဝိုင်းနောက်ခံပါကောင်းတဲ့လူ"

ဆူးထက်နှင်းဆီသည် ဟွန်းခနဲနှာမှုတ်ရင်း

"ညီမလေး အိမ်ထောင်မပြုဘူး။အိမ်ထောင်ရေးကိုလည်းမယုံဘူး အချိန်တန်ကွဲကြမှာပဲ အချစ်ပါတဲ့လူတွေထောင်ကွဲကြတာအချစ်မပါတဲ့အိမ်ထောင်ရေးဘယ်လောက်ခံမှာလဲ"

"အဲလိုပြောကြေးဆို နင့်ယောင်းမနဲ့ငါလဲကွဲမှာလား"

"ညီမလေးအဲလိုမပြောပါဘူး။ညီမလေးအိမ်ထောင်ပြုရမှာကြောက်တယ်ဆိုတာအစ်ကိုလဲသိရဲ့သားနဲ့"

"အေး ငါမပြောတော့ဘူးနင့်ကို။နေချင်သလိုသာနေ နောက်တစ်ခါနင့်ကိစ္စဝင်စွက်ဖက်မိရင် ငါ့ခေါင်းကိုသာနာနာထုတော့"

ချစ်ခြင်းမေတ္တာဟူသည်Where stories live. Discover now