အသက်တွေသာကြီးသွားပေမယ့် အချစ်တွေကမပျောက်ပျက်သေးတဲ့အပြင် နှလုံးသားက တောင့်တနေရတဲ့ လူကို မျက်စိရှေ့ မြင်လိုက်ရတဲ့အခါ နမ်းဂျွန်းတစ်ယောက် ရင်တွေခုန်ကာ အရမ်းပျော်သွားပြီး စကားတွေပါထစ်ကုန်သည်။NJ " ဂျ ဂျင်း ~ "
နမ်းဂျွန်ခေါ်သည်ကို ပြန်မဖြေပဲ မဲ့ပြုံးဖြင့်သာတုန့်ပြန်သော ဂျင်း ။
နမ်းဂျွန်လဲ သူထားခဲ့တဲ့တွက် ဂျင်း အခုထိ စိတ်ဆိုးနေတယ်ဆိုတာ သိပါသည် ။
ဒါကြောင့် သားတွေ ကိစ္စသာ ပြောရတော့သည် ။NJ - " ဒါက ကျတော့်သားဂျောင်ကုပါ ၊ ကလေးတွေက လွန်ကြူးပြီးပြီဆိုတော့ ကျတော့်အနေနဲ့ကတော့ အမြန်ဆုံး လက်ထပ်ပေးတာကောင်းမယ်ထင်ပါတယ် "
Jin " အို ..မဟုတ်တာ မရပါဘူး၊ ကျောင်းပြီးမှ လက်ထပ်ဖို့ကို ခွင့်ပြုနိုင်မယ်! "
JK - " သားတို့ ကျောင်းပြီးမှလက်ထယ်မယ် "
JM - " လောလောဆယ် စေ့စပ်ထားမယ်ပါမယ် ၊ မေမေ ပြောသလို ဂျီတို့ ကျောင်းပြီးမှပဲ လက်ထပ်ပါ့မယ် ဦး "
NJ " ကောင်းပြီလေ ၊ အခုရှေ့နေနဲ့ လူကြီးတချို့ခေါ်လာတယ် ၊ တစ်ခါတည်း စေ့စပ်ကြတာပေါ့ "
ဂျောင်ကုနဲ့ဂျီမင်းတို့လဲ စေ့စပ်ပြီးပြီးချင်း လူကြီးတွေကို နှုတ်ဆက်ကာ ကားဖြင့် ထွက်သွားကြတော့သည် ။
ဂျီမင်းက ဂျင်းနဲ့နေချင်သော်လဲ ဂျောင်ကုက သူနဲ့ပဲ လိုက်နေရမည် ဟုဆိုကာ အတင်း ခေါ်သွားခဲ့သည် ။
Namjoon ဆိုတဲ့လူကြီးကပဲ Jin ကို ပါးချိုင့်ကြီးခွက်နေအောင် ပြုံးပြသွားခဲ့သည် ။ Jin ကလဲ မျက်စောင်းထိုးဖို့ မမေ့ခဲ့ ။
Jin " ပါးချိုင့်ကြီးကိုက မုန်းစရာကောင်းလိုက်တာ!! "
........................................................................
ညအိပ်ခါနီး ဂျောင်ကုဝရံတာမှာထိုင်ပြီး ထယ်ယောင်း ယွန်းဂီတို့နဲ့ Group Chat ထဲ စာပို့နေသည် ။
💬 agustd - သားကြီး ကျောင်းတွေ ဘာလို့ပျက်တာလဲ ။
💬 thv - အေးလေ ၊ မင်းဟာက တစ်ပတ်တောင် ၊ အော် ..ဒါနဲ့ ဂျီမင်းလဲ တစ်ပတ်တောင် ကျောင်းမလာဘူးသိလား ?
YOU ARE READING
ရုပ်ဆိုးကောင်
Fanfiction" မင်းနဲ့ငါဆိုတာ ဘယ်လိုနည်းနဲ့မှမတန်ဘူး ။ မင်းလိုရုပ်ဆိုးကောင်က ငါ့ကို သဘောကျတယ်တဲ့လား ၊ ရွံစရာကောင်းလိုက်တာ ၊ ထွက်သွား ! ငါ့နားကို ထပ်မလာနဲ့! " " အင်း ဟုတ်ပြီ , မင်းသဘောတိုင်းပဲပေါ့ , ငါ မင်းအနားက ထွက်သွားပေးမယ် ဘယ်တော့မှ မင်းအနားကို မလာစေရတော့ဘူး...