ပြိုင်ပွဲဝင်များ ပါဝင်ပစ္စည်းများကို ရှာဖွေရသည့်ဖြစ်စဉ်သည် ရှည်လျားပြီး ပျင်းရိစရာကောင်းလှသည်။ သို့သော် ကုပိုင်သည် သူမြင်ခဲ့ရသည့် ထောက်ပံ့ပေးသည့်စာရင်းတွင် မပါဝင်သော ပါ၀င်ပစ္စည်းအားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေသည့် ကြည့်ရှုသူများအား ရှင်းပြပေးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်၊ ပါ၀င်ပစ္စည်းများနှင့် ၎င်းတို့၏ အသုံး၀င်မှုများကို ပိုမိုသိရှိစေမည်ဖြစ်သည်။ထို့ကြောင့်၊ ပင်မတိုက်ရိုက်ထုတ်လွှင့်မှုအပြင် ကုပိုင်၏တိုက်ရိုက်ထုတ်လွှင့်မှုသည် ပရိသတ်အများဆုံးရရှိခဲ့သည်။ ပရိတ်သတ်များက ပါ၀င်ပစ္စည်းများနှင့်ပတ်သက်၍ စိတ်အားထက်သန်စွာ မှတ်ချက်ပေးကြပြီး ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို သဟဇာတဖြစ်စွာ ဖလှယ်ခဲ့ကြသည်။
နှစ်နာရီကြာသွားပြီဖြစ်၏။ ဤတစ်ကြိမ်တွင်လည်း ကုပိုင်နှင့်ဖန်းဝေ့ရွှမ်းတို့သည် ပါ၀င်ပစ္စည်းအများအပြား စုဆောင်းမိဆဲပင်။ ပါဝင်ပစ္စည်းဆယ်မျိုးလုံး ရှာမတွေ့သော်လည်း၊ ရှာဖွေနေသည့်လုပ်ငန်းစဉ်အတွင်း ကြည့်ရှုသူများကို များစွာရှင်းပြပေးခဲ့ပြီး အခြားပါဝင်ပစ္စည်းအများအပြားကိုလည်း ခူးယူခဲ့ကြသည်။
သူတို့ ပါ၀င်ပစ္စည်းရှစ်မျိုးသာ တွေ့ရှိထားသေးသော်ငြား ဒါက နောက်အကျော့တက်ရောက်ရန် လုံလောက်ပါ၏။
ပြိုင်ပွဲဝင်လေးဆယ်သည် ၎င်းတို့၏ရလဒ်များနှင့်အတူ စုရုံးခဲ့ကြသည်။ သူတို့ ပါ၀င်ပစ္စည်းအများကြီးမရထားလျှင်ပင် ယခင်တခေါက်လုပ်ခဲ့သည်ထက်တော့ အများကြီးပိုအဆင်ပြေကြဟန်ရှိသည်။
လူတိုင်းက တိတ်တဆိတ်နှင့် အများကြီးသင်ယူခဲ့ကြမှန်း မြင်နိုင်လေသည်။
"ဒါက မင်းတို့အတွက် ကျွန်တော်တို့ပေးမယ့် အသားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပါ နောက်ပိုင်းမှာ မင်းတို့ရဲ့ ပါဝင်ပစ္စည်းအရေအတွက်ပေါ် မူတည်ပြီး တန်းစီရပါလိမ့်မယ် လူတစ်ချို့ရှာတွေ့တဲ့ ပါဝင်ပစ္စည်း အရေအတွက်က မင်းတို့ရှာတွေ့တဲ့ ပါ၀င်ပစ္စည်းအရေအတွက်နဲ့တူညီနေရင် အတူတူတန်းစီရပါမယ်" တင်ဆက်သူက ရှင်းပြလာသည်။