တောင်ပေါ်မြေမှအိမ်မက်တစ်ခု(Uni)

203 6 0
                                    

Unicode(Uni)

(၁)

ရှင်သန်ရာဘဝတစ်ဖြတ်၌အမှတ်မထင်တွေ့ဆုံမှုဟာ တစ်သက်တာအတွက် လှပတဲ့မှတ်ညာဏ်တစ်ခုအဖြစ်ရင်မှာဖြစ်တည်ခဲ့သည်။

တွေ့ဆုံမှုဆ်ိုတဲ့စကားကိုမသုံးနှုန်းချင်ဘူး။တွေ့ဆုံမှုဆိုတဲ့နောက်မှာခွဲခွာမှုက ကပ်ပါလာခဲ့သည်လေ။

စိုင်း..

"ချယ်ရီပန်းကိုလိုချင်ပေမယ့် မယူရက်ဘူး။အဖိုးတန်တဲ့နှလုံးသားကိုရယူခဲ့ပြီးပြီလေ"

အိမ်မက်ဟုဆိုရလောက်အောင်လက်တွေ့ဆန်ကာလှပလွန်းသည်။အိမ်မက်တစ်ခုသာဆိုလျှင်မနိုးထချင်သည့် အိမ်မက်သာဖြစ်လိမ့်မည်။

နန်း...
............................
............................

(၂)

"Hello"

"........"

"ကျွန်တော် ခုပြန်လာဖို့လုပ်နေပြီဗျ"

"......."

"ဒီနေ့ ကားစီးမှာဆို မနက်ရောက်လောက်မယ်"

"........"

"အဲ့ဆီပဲ တန်းလာခဲ့လိုက်တော့မယ်"

"......."

"ဘာမှစီစဉ်မထားပါနဲ့ဗျာ!"

"......"

"ဟုတ်..အဲ့ဒါဆို"

ခေါ်ဆိုမှု ပြတ်တောက်သွားသည့် ဖုန်းကို ပြန်ကြည့်မနေတော့ဘဲ အိတ်‌ထောင်ထဲသာအလျင်မြန်ထည့်ပြီး ကားဆီသွားဖို့
လုပ်လိုက်ဧ။ပူပြင်းလှသည့် မန္တလေးနေကြောင့် မျက်နာတစ်ခုလုံး ချွေးများစိုရွှဲနေကာ ချွေးနှင့် အအေးပြန်ပတ်သွားမည်တောင် စိုးရိမ်ရဧ။

ကိုယ်သွားမည့်နေရာက အေးသည်ကြောင့်သာ လက်ရှည် ဝတ်ထားရသော်လည်း သူများအမြင်ဝယ် ခုချိန်တွင် အရူးဖြင့်သာတူလုနေသည်။

သို့သော် ဂရုမစိုက်ပေ။ကိုယ့်သွားမည့်
ကိုယ့်ဒေသ၊ကိုယ့်နေရာအကြောင်းကို
ကိုယ့်ထက်ပိုပြီး သူတို့ကသိမည်လော။သေချာသည်က ဒီနေရာမှာသာ အရူးအဖြစ်မြင်နေကြပေမယ့် ကိုယ့်ဒေသရောက်လျှင် လိုတောင်လိုနေဦးမည်။

တောင်ပေါ်မြေမှအိမ်မက်တစ်ခုWhere stories live. Discover now