Part 14

36 2 2
                                    

လွန်ခဲ့သည့် ၁၂နှစ်

Aiden သူ၏အခန်းထဲက ကုတင်ပေါ်ပက်လက်လှန်ရင်း လက်ထဲကစာအုပ်ကို ဖတ်နေမိ၏။ ညစာစားချိန်ရောက်နေပေမဲ့ ညစာမစားပဲ စာအုပ်ကိုပဲဖတ်နေသည်ကြောင့် ခဏနေအမေဖြစ်သူက ယောင်းမနဲ့ရောက်လာတော့မယ်ဆိုတာ ခန့်မှန်းနိုင်၏။ သူ စာအုပ်ထဲက စာလုံးတွေကြားသူ၏အကြည့်တွေကို ပြေးလွှားရင်း နေ့ခင်းကအတွေးအချို့က သူ၏ခေါင်းထဲသို့တိုးဝင်လာ၏။ Jaxဟူသည့် ကောင်လေးပေ။ ထိုကောင်လေးမှာ စာလုံးတွေနဲ့ပြည့်နေသည့် သူ၏ခေါင်းထဲတိုးဝင်လာသည့်အခါ သူသည်မျက်လုံးကိုပိတ်၍ခါကိုသာခါလိုက်၏။

"အသုံးမဝင်တဲ့အတွေးတွေ"

သူခပ်ဖွဖွ ရေရွတ်၍ သူ၏စာအုပ်ကိုပြန်ဖတ်၏။ သူ၏မျက်ခုံးတွေမှာအလိုမကျစွာ တွန့်ချိုးနေ၏။ ထပ်မံ၍ ဝင်ရောက်လာသည့် ထိုမျက်နှာနဲ့ မျက်ဝန်းကြောင့် Aiden၏ပါးတွေနဲ့နားရွက်တွေမှာ နီမြန်းလာပြီး စာအုပ်ကိုမျက်နှာမှာအပ်လိုက်၍ ခပ်တိုးတိုးလေးသူဆဲလိုက်တော့၏။ နောက်တော့ စာအုပ်ကိုပိတ်၍ ကုတင်ပေါ်မှာချခဲ့ကာ သူအခန်းထဲကနေထွက်လာ၏။ ဦးနှောက်ထဲကအတွေးများကိုဖယ်ထုတ်ဖို့ သူတစ်ခုခုကိုအာရုံလွှဲလုပ်ဖို့လို၏။

သူသည် သူ၏အမေကို လမ်းထိပ်ကကုန်စုံဆိုင်ခဏလို့ပြောပြီး ထွက်လာလိုက်၏။ သူ၏ဂျာကင်ကိုဝတ်လိုက်ပြီး သူ့အမေ၏လှမ်းအော်ခေါ်သံကိုမစောင့်ပဲ သူထွက်လာလိုက်၏။

"ဟေ့ကောင်လေး ဂရုစိုက်! မြို့ထဲမှာနင့်လိုအရွယ်တွေပဲသေနေတာ!" ဟုသူ၏မိခင်မှာမမေ့မလျော့သတိပေးစကားပြော၏။  ​

ဆောင်းဦးသို့ ကူးပြောင်းနေပြီဖြစ်တာကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာ၏။ စိမ်းဆိုနေသည့်သစ်ရွက်တွေမှာလည်း လိမ္မော်၊အဝါသို့ ကူးပြောင်း၍မြေပေါ်သို့ခနေပြီဖြစ်၏။ မကြာခင် ဟောလိုးဝင်းပွဲတော်လည်းရောက်တော့မည်ဖြစ်တာကြောင့် ပွဲတော်၏အငွေ့အသက်ကိုလည်းအနည်းငယ်ခံစားမိ၏။ သို့ပေမဲ့ ညဘက်ဆိုလူကလမ်းရှင်းတာကြောင့် ခြောက်ကပ်၍ ညဉ့်ငှက်အော်သံ၊ပရစ်သံမှလွဲရင်ထွေထွေထူးထူးအသံမကြားရပါ။

လမ်းထိပ်က ကုန်စုံဆိုင်သို့ရောက်တော့ သူသည်ဆေးလိပ်တစ်ဘူးဝယ်လိုက်၏။ အသက််မပြည့်သေးလို့ ဆေးလိပ်ဝယ်လို့မရတာ သိပေမဲ့ ကုန်စုံဆိုင်မှာအလုပ်လုပ်သည့် သူသည်ကိုယ်နဲ့တစ်ကျောင်းထဲဖြစ်တာကြောင့် ဆေးလိပ်ဝယ်တာကိုမတားပါ။ ဆေးလိပ်ဘူးအား သူယူလိုက်၍ ကုန်စုံဆိုင်ကနေထွက်လာလိုက်၏။ အမြဲတမ်းဆောင်ထားဖြစ်သည့် မီးခြစ်ကို ဂျာကင်၏အိတ်ကပ်ကနေသူထုတ်၍ နှုတ်ခမ်း၌ဆေးလိပ်တေ့ကာ မီးညှိပြီးနောက် စတင်၍ဆေးလိပ်သောက်ခြင်းကိစ္စရပ်အားသူလုပ်၏။

Jax /ခေတ္တရပ်နားထားသည်/Where stories live. Discover now