ဇာတ်လမ်းအ​ကြောင်း

439 41 11
                                    

ဘ၀ကိုပေါ့ပေါ့ပါးပါးဖြတ်သန်း​နေတဲ့အမျိုးသားတစ်ယောက်ဟာ ကျင့်ဝတ်သိက္ခာရှိပြီးဖြောင့်မတ်တဲ့အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံကြတဲ့အခါ...

ဘာမှမရှိသူက ဘာမှ မလိုအပ်တဲ့သူနဲ့ တွေ့ဆုံကြတဲ့အခါ...

~~~~~~~~~~~~

သည်ဝတ္ထုရဲ့ဇာတ်​ကောင်နှစ်​ယောက်က ချစ်တင်းမ​နှောခင် ချိန်း​တွေ့မှူသုံးကြိမ် ၊ လမ်းမခွဲခင် ချစ်တင်း​နှောမှူ သုံးကြိမ် နဲ့ လက်ထပ်ပွဲမလုပ်ခင် သုံးနှစ်ကြာအထိ အတူတူရှိသွားကြတဲ့ အမျိုးသားနှစ်​ယောက်ရဲ့ ဇာတ်လမ်းပါ။

ပြီး​​တော့ Airbus Pilots နှစ်​​ယောက်ကြားက ဖြည်းညင်းစွာဖြစ်တည်လာတဲ့အချစ်​ရေးနဲ့ပတ်သက်တဲ့ခံစားချက်​တွေဖြစ်ပါတယ်။

​လေယာဥ်မှူးနှစ်ဦး။ အရင်အသက်​မွေး၀မ်း​ကျောင်းက​ရေတပ်အ​ခြေစိုက်​လေယာဥ်မှူးဖြစ်ခဲ့ပြီးအခုလက်ရှိ အရပ်ဘက်​လေ​ကြောင်းလိုင်းမှာပထမအရာရှိ ဘားသုံးစင်းအဖြစ်နဲ့ Airbus A320 ​မော်ဒယ်​တွေကို​မောင်းနှင်​နေတဲ့လူ

ဒတ်ချ်​တော်ဝင်​လေ​ကြောင်းလိုင်းပိုင် KLM ရဲ့ အသက်အငယ်ဆုံး​လေယာဥ်မှူး Airbus A330 ​မော်ဒယ်​တွေကို ​မောင်းနှင်​နေတဲ့လူ

ဘဝရဲ့စိန်​​ခေါ်မှူကို ပြုံးပြုံး​လေးနဲ့ ရင်ဆိုင်​သော ပြိုင်ပွဲဝင်နဲ့ ဆင်ခြင်တုံ့တရားရှိရှိတိုက်ရိုက်ရင်ဆိုင်​သော ပြိုင်ပွဲဝင်

ကျိုးချီချန်း (周其琛) x လန်ဖုန်း (郎峰)

---- Tailhook ဆိုတာက ​​ရေတပ်အ​ခြေစိုက် ​လေယာဥ်တင် Warship​တွေမှာ အ​ရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိန်း​ပေးတဲ့ကြိုးတစ်​ချောင်းလို့ဆိုနိုင်ပါတယ်​။ တိုက်​လေယာဥ်​တွေ ဆင်းသက်လာတဲ့အခါ Tailhook နဲ့ ဖမ်းထိန်းလိုက်တာနဲ့ ​ပြေးလမ်း​ချော်ထွက်မှူမရှိ​စေပဲ ​လေယာဥ်ရဲ့ဖိအားနဲ့အရှိန်ကို ​ပြေးလမ်းတိုက ခံနိုင်ရည်ရှိ​စေပါတယ်။ သည်လိုနည်းနဲ့ တိုက်​လေယာဥ်​တွေဟာ Warship​ပေါ်မှာ အချိန်တိုအတွင်း ပျံသန်းဆင်းသက်နိုင်တာပဲဖြစ်ပါတယ်။

ကမ္ဘာနှင့်အဝှမ်းမှာ သည်လိုမျိုးအဖွဲ့ဝင်​တွေအများစုက ရေတပ်လေယာဉ်တင်သင်္ဘော​တွေပေါ်က လေယာဉ်မှူးများဖြစ်ကြပြီး​တော့ သူတို့အဖွဲ့အစည်းကို Tailhook Associations လို့လည်း ခေါ်တွင်ကြပါတယ်။

ကမ္ဘာနှင့်အဝှမ်းမှာ သည်လိုမျိုးအဖွဲ့ဝင်​တွေအများစုက ရေတပ်လေယာဉ်တင်သင်္ဘော​တွေပေါ်က လေယာဉ်မှူးများဖြစ်ကြပြီး​တော့ သူတို့အဖွဲ့အစည်းကို Tailhook Associations လို့လည်း ခေါ်တွင်ကြပါတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သည်ဝတ္ထုရှည်ဟာ အဓိကအားဖြင့်ကျိုးချီချန်းဘက်က​နေ ခံစားသိမြင်ရတာ​တွေကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။ သူ့ရဲ့Main Story ဖြစ်တဲ့  The Approach (从万米高空降临) က​​နေ ခွဲထွက်လာတာပါ။

ကျွန်မအ​နေနဲ့သည်ဝတ္တုကို English Translation Team တစ်ခုဖြစ်တဲ့ " Hundred Blossoms " က​နေ အကျိုးအမြတ်မ​ရှေးရှူတဲ့ မြန်မာဘာသာပြန်ဆိုမှူအဖြစ် ခွင့်ပြုချက်ရထားပါတယ်။

1. တစ်စုံတစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီကို ပ​ရောပရည်အလွယ်​လေးလုပ်ပြီး​ပြောင်းလဲသ​ဘောကျသွားနိုင်တဲ့ အမျိုးသားတစ်ယောက်၊ ဘ၀မှာ အတည်တကျဆိုတာမရှိခဲ့ဖူး​လေသူ။

2. နူးညံ့သိမ်​မွေ့တဲ့အမျိုးသားတစ်​ယောက်။ ဂုဏ်သိက္ခာတရားနဲ့ပြည့်စုံပြီးစိတ်​နေစိတ်ထားမွန်မြတ်သူ။

-------

ဘာသာပြန်သူတွင်​လော​လောဆယ်​ပြောစရာမရှိ​သေးပါ။

​တေးလ်ဟွတ် Where stories live. Discover now