[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၁၀🦋
🦋 ~ 🦋 ~ 🦋
မဟာမင်းမြတ်က ဇွတ်အတင်းပူဆာ၍သာ နေနိုင်းက လိုက်လာရသည်။အမှန်ဆို ရသဆီသွားပြီး တော်ကီဖုတ်ချင်တာ။ဘာရယ်တော့မဟုတ်ဘူး ဒီတိုင်း ချစ်ရတဲ့သူနဲ့အချိန်ကုန်ချင်ရုံပေါ့။
အခုတော့ မင်းမြတ်ရဲ့ကောင်းမှုနဲ့ သူခေါ်ရာနောက်ပါလာရတာပဲ။
"မသျှား သူက ကျွန်တော်ပြောထားတဲ့သူလေ နာမည်က ခွန်းနေနိုင်း၊"
မင်းမြတ် ခေါ်သွားတဲ့ဆိုင်ကိုရောက်တော့ ဧည့်သည်တစ်ယောက်ပါရှိနေတာမို့ နေနိုင်းမှာ အနေနည်းနည်းခက်မိရပေမယ့် မင်းမြတ်ရဲ့အစ်မဟုပြောသဖြင့် တော်သေးသည်။နေနိုင်းက ပေါင်းသင်းဆက်ဆံရေးမှာ နည်းနည်းညံ့တာမို့ လူအသစ်တွေနဲ့ခင်ဖို့က နည်းနည်းခက်တာမို့ ကိုယ်နဲ့စိမ်းတဲ့ပတ်ဝန်းကျင်ကို မသွားဖြစ်တာ။
"ခွန်း သူက ကိုယ့်အစ်မ...သျှားသရဖူ၊"
"တွေ့ရတာဝမ်းသာပါတယ် မောင်လေး၊မဟာ့ကိုခင်သလို မသျှားကိုလည်း ခင်နိုင်တယ်နော်၊"
အပြုံးချိုတဲ့ မင်းမြတ်ရဲ့အစ်မကို နေနိုင်းလည်း တူညီတဲ့အပြုံးကလေးနဲ့တုန့်ပြန်ဖြစ်သည်။မသျှားက တော်တော်လေးလှသည်။မိန်းမအစစ်မဟုတ်တာကိုသိနေပေမယ့် တော်ရုံလူဆိုရင် မသျှားကို မိန်းမဟုပင်ထင်ကြမှာ။မသျှားက တကယ်ကို မိန်းမနဲ့တူကာ လှလွန်းသည်။
"ဟုတ်ကဲ့ မသျှား...ဒါနဲ့ မသျှားကို တစ်ခုလောက်ပြောချင်လို့၊"
"ပြောလေ မောင်လေး၊"
"မသျှားနဲ့မင်းမြတ်က အမျိုးတွေဆိုပြီး ဘာလို့ မသျှားက အများကြီးပိုချောနေတာလဲဟင်၊"
မသျှားက နေနိုင်းရဲ့စကားကိုကြားတော့ မျက်လုံးလေးတွေပိတ်တဲ့အထိ ပြုံးသွားသလို ဆူပုတ်ပုတ်ဖြစ်သွားတဲ့ မဟာမင်းမြတ်က...
"အဲ့တော့ ကိုယ်ကမချောဘူးပေါ့၊"
"မပြောမိပါဘူး မသျှားကအရမ်းချောတာတော့ မြင်နေရတာပဲလေ၊"