အလွမ်း နိုးလာတော့ မောင်ကရှိမနေ။ ဗိုက်လည်း ဆာနေသည်။ အလွမ်းအောက်ထပ်ဆင်းကာ ကြည့်တော့ ဘယ်သူမှ မရှိ။"ညနေစောင်းတောင်ရောက်နေပြီ ဘယ်သွားတာလည် "
အလွမ်း ကိုယ့်ဘာသာပြောကာ မီးဖိုချောင်ကို မွှေနှောက်လိုက်သည်။ စားပွဲပေါ်မှာတော့ ထမင်း ဟင်း ခူးခပ်ထားကာ အုပ်စောင်းနဲ့အသေအချာ အုပ်ထားပေးတာ တွေ့တော့ အလွမ်းပြုံးမိသည်။
မောင်က အရင်တိုင်းဘဲ သူ့ကို ဂရုစိုက်ပေးသည်။
"မောင်.... "
အလွမ်းထမင်းစားနေတုန်းမောင်က ပြန်ရောက်လာကာ အလွမ်းကို တစ်ချက်ဘဲြကည့်ကာ အပေါ်ထပ် တက်သွားသည်။
အလွမ်း မောင့်ကို မောင်လို့ခေါ်တာ မကြိုက်ဘူးထင်ပါရဲ့ ။
နေ့အခန်းထဲ ရောက်တော့ ဘောင်းဘီအိပ်ကပ်ထဲကဖုန်းက မြည်လာတာကြောင့်
"အေ ဘယ်လိုလည် အခြေအနေ "
"ခနနနေ ငါလာခဲ့မယ် "
နေ့ ပြောကာ အပြင် ပြန်ထွက်ဖို့ လုပ်ရတော့သည်။
ထိုအချိန် အခန်းဝမှာ သာလိကာလေးနဲ့ ဆုံတော့
"ဟို မင်းဘယ်သွားမို့လည် "
ဘာမင်းလည် ခနကထိတောင် မောင် လို့ခေါ်နေသေးတာကို။လွမ်းသတ်တန့်ရောင်ခြည်တို့က အမျိုးမျိုး
"ကျုပ်ကိစ္စပါ "
နေ့ စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တော့
"အာ အမ် "
အလွမ်းဘာပြန်ပြောရမှန်းမသိ။ မောင်က အလွမ်းပေါ် အရင်လို မဟုတ်တော့ဘူ။
နေ့ အပြင်ကို ကားမောင်းထွက်လာကာ ခနက ချိန်းထားတဲ့ နေရာကို တန်းသွားလိုက်သည်
စိတ်မကောင်း ဖြစ်သွားတဲ့ သာလိကာလေး မျက်နှာကို မြင်ရောင်တော့ နေ့ စိတ်မကောင်း
" ဘယ်လိုလည် အခြေအနေ "
"လွမ်းသတ်တန့်ရောင်ခြည်မှာ အကြွေးတွေ ရာလိုက်ရှိနေတာ။ သေချာစုံစမ်းတော့ သူ့အဒေါ်ယောကျ်ားရဲ့ လောင်းကစားအကြွေးတွေပါပါတယ် သူ့ အဖေနဲ့ အမေ အကြောင်းတော့ ဘာမှမသိရဘူး သူ့အကြွေးရှင်က သူနဲ့ လက်ထပ်မယ့်သူ သတ္တထိန်ဝါတဲ့ "