အချစ်မှာ သတ်မှတ်ချက်တွေနဲ့လား?
အချစ်မှာ ကန့်သတ်ချက်တွေနဲ့လား?
အချစ်မှာ စည်းတွေဘောင်တွေနဲ့လား?ဒီဟာတွေသာ မရှိခဲ့ဘူးဆိုရင်...
'ဝေးကြရတယ်' ဆိုတဲ့စကား ဘယ်ကပေါ်လာဦးမလဲ။...
အေးချမ်း ငြိမ်သက်နေသည့် လမ်းသွယ်သွယ်လေး... ထိုလမ်းလေးထဲတွင် ဆံပင်က မသပ်မရပ်၊ အသားအရည်မှာ ဖြူဖွေးကာ အဖြူနှင့်အစိမ်း ကျောင်းအင်္ကျီကိုဝတ်ထားပြီး ဂျစ်ကန်ကန်ပုံစံကလေးနှင့် ကောင်လေးငယ်ငယ်တစ်ယောက် လျှောက်လာနေသည်။
နောက်... သူနှင့်ရွယ်တူဖြစ်ပုံရသည့် ကျောင်းသား ကောင်လေးသုံးယောက်လည်း သူ့အနောက် ခပ်လှမ်းလှမ်းကနေ လျှောက်လာနေပုံရသည်။ အနောက်က သုံးယောက်က အုပ်စုနှင့်ဖြစ်သည်။
အရှေ့က ကောင်လေးက တစ်ယောက်တည်း။ အဖော်မပါ။ သူကအေးဆေးစွာ သွားနေပေမဲ့လည်း အနောက်ကသုံးယောက်က တဖြည်းဖြည်းနှင့် သူ့အနားကပ်လာသည်။ ကြည့်ရသည်က ထိုကောင်လေးကို ကျော်တက်ချင်နေပုံရသည်။
.....
အင်ဂျီနီယာဘွဲ့ဖြင့်ကျောင်းပြီးထားသော်လည်း... အလုပ်အကိုင်မရှိသေးသည့် လူပျိုကြီး မောင်တိုးဆက်နိုင်တစ်ယောက် အိမ်မှာပင် မအေနှင့်အတူနေပေမဲ့ သူကသာအိမ်ရှင်မကြီး ဖြစ်နေသည်။
ဖြစ်ပုံကမဆန်း အလယ်တန်းပြဆရာမဖြစ်သည့် ဒေါ်ရင်ကြည်မှာ အိမ်မှာမနေရ။ အမြဲပင် ကျောင်း၌ အချိန်ပေးနေရသဖြင့်.. သားဖြစ်သူ တိုးဆက်နိုင်ကသာ အိမ်တွင် ထမင်းချက် ဟင်းချက် အိမ်မှုကိစ္စနိုင်နင်း ပိုင်နိုင်သူတစ်ယောက်ပင်ဖြစ်နေသည်။အခုတော့ တိုးဆက်နိုင်တစ်ယောက် ရှင်းစရာရှိတာ ရှင်းပြီး၍ သူ၏အမေကိုလည်း သွားကြိုရင်းနှင့် လမ်းလည်းလျှောက်ရင်း ဟုတွေးကာ ကျောင်းသို့ဦးတည်လာနေသည်။
သို့ပေမဲ့ သူလာရာ လမ်းသွယ်သွယ်ကလေးတွင် ရွယ်တူကလေး လေးယောက် ရန်ဖြစ်နေကြသည်။"မင်း ဝင်တိုက်တာကို မင်းတောင်းပန်ရမှာပေါ့"ဟု
ပုကျစ်ကျစ်နှင့် အနောက်ဂုတ်ထောက် အရှေ့ခပ်အုတ်အုတ်ဆံပင်နှင့် ကောင်လေးကဆိုသည်။
YOU ARE READING
Take Refuge In Eternal Love
RomanceLove with conditions? Love with limits? Love with the lines and frames? If only these did not exist.. Where does the word "far away" come from? *Written in burmese