၁၈၉

5.2K 596 3
                                    

အပိုင်း (၁၈၉) အစ်ကိုကြီး၏မင်္ဂလာပွဲ

နောင်တော့ ပိုင်ကျန်း၏မင်္ဂလာပွဲသည် လျှင်မြန်စွာနှင့်ပင် ရောက်ရှိလာခဲ့လေသည်။

အဲဒီအချိန်ထိ ရှောင်ဟန်က ပိုင်လီကိုစကားမပြောဘဲစိတ်ကောက်နေတုန်းပါပဲ။ ဒါပေါ့ ပိုင်လီကလည်း အလျော့မပေးဘဲနဲ့ နေနေခဲ့ပြီး ဒါကပိုင်မိသားစုနဲ့ဘေးလူတွေအမြင်မှာတော့ ထူးဆန်းနေခဲ့လေနဲ။

ဒါပေမယ့် ဒါက ပိုင်ကျန်းရဲ့မင်္ဂလာပွဲကို ထိခိုက်ခြင်းတော့ မရှိခဲ့လေဘူး။

နောက် ထပ်ပြီးထိုမင်္ဂလာပွဲသည် အတော်လေး လူသိများ ထင်ရှားခဲ့သည်ဟု ပြောလျှင်ရသည်။

ဘာကြောင့်လဲဆိုတော့ ဒါက သတို့သားရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲဖြစ်ပေမယ့်လည်း သူတို့က သတို့သမီးကို အတော်လေး မြှောက်စားခဲ့ကျလို့ပါပဲ။

သတို့သမီးတင်တောင်းငွေကဆို လယ်သမားရွာတွေအကုန်လုံးမှာ သမိုင်းတလျောက် တင်တောင်းငွေအများဆုံးလို့တောင် ပြောလို့ရပြီး သူတို့က သတို့သမီးကို မျက်နှာမငယ်စေခဲ့ပါဘူး။

ဒီမင်္ဂလာပွဲသည် သတို့သားဘက်က အရမ်းလိုလားခဲ့သလို သတို့သမီးဘက်ကလည်း အရမ်းကိုကြည်ဖြူသော ပွဲဖြစ်ခဲ့ပေသည်။

ဘာလို့ဆို ဒီမတိုင်ခင်မှာ ရောဂါကြောင့် ကိုယ်ဝန်မဆောင်နိုင်တဲ့ မိန်းကလေးကို ဘယ်သူကမှ သူတို့ရဲ့ဇနီးမယားအဖြစ် လက်မထပ်ချင်ခဲ့ကျလို့ပါပဲ။

ဒါကြောင့် ဒီမိန်းကလေးရဲ့ မိဘတွေက အရမ်းစိတ်ဆင်းရဲခဲ့ကျရပြီး သူတို့က သူတို့သမီးကို သူများအိမ်ရဲ့ အငယ်အနှောင်းအဖြစ် မပို့ချင်၍ စိတ်သောကရောက်နေတုန်းတွင် ပိုင်အိမ်ရဲ့ကမ်းလှမ်းမှုက ရောက်လာခဲ့တာဖြစ်သည်။

ပိုင်ကျန်းက ကွာရှင်းထားပြီး အနှီးထုတ်အရွယ်ကလေးတစ်ယောက်လည်းရှိပေမယ့် အဲတာကိုမိန်းကလေးဘက်က ကြည့်မှာမဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ သူမကလည်း ကိုယ်ဝန်ဆောင်လို့မရသည့် ရောဂါသည်မိန်းကလေးဖြစ်နေပြီး ကလေးတစ်ယောက်ကို အနှီးထုတ်အရွယ်ထဲကဘစောင့်ရှောက်ရမည်ဆိုလျှင် သူမရဲ့သားအရင်းလိုပင်ချစ်ခင်နိုင်ပေသည်။ မဟုတ်ရင်တောင် သူမက တစ်စုံတစ်ယောက်ရဲ့ တရားဝင်ဇနီးမယား ဖြစ်ခွင့်ရတာနဲ့တင် ပျော်နေသင့်တဲ့လူလေ။

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now