''ရိုးခက် မင်းအတွက် မုန့် ''
'' ကျေးဇူးပဲ..''
မုန့်ထုတ်တွေ အာလူးကြော်ထုတ်တွေနှင့်
ချောကလက်ထောင့်တွေ
ပါတဲ့အိတ်ထဲက မုန့်အားလုံးသည်
ရိုးခက်အတွက်တဲ့။'' မင်းက သဘောကောင်းနေတာပဲ''
''မင်းကိုစားစေချင်လို့လေ ဝက်ကလေးရ''
''ဘောပဲ.. နဲနဲလေးပြည့်တာကို
ဘယ်နားကဝလို့တုန်း''''ဗိုက်ခေါက်တောင်တစ်ဆစ်လောက်ထွက်
နေတာကို မဝရင် ပိန်တာလား ''''တော်ပြီ မစားတော့ဘူး''
မုန့်အိတ်ကို သူ့ရှေ့ကို ပြန်တိုးပေးလိုက်တဲ့
ခက်ရိုးကို ကြည့်ပြီး.
စက်မင်းအာဏာတည်က ရီသည်''ငါကနောက်တာပါကွာ သူငယ်ချင်းလေးက
စိတ်ဆိုးနေတာလား '''' မဆိုးပါဘူး..''
ပြောရင်း မုန့်ထုတ်အိတ်ကိုယူကာ
အာလူးကြော်ထုတ်အား
ဖောက်စားနေပြီ၊
မူလတန်းထဲက ခင်လာတဲ့
သူငယ်ချင်း အရင်းဖြစ်သည့်အလျောက်
ခက်ရိုးသည် သူ့အပေါ်အနွံတာခံခဲ့သည်။''ငါ့ကိုစာကူးပေးအုန်း
ညကပေးတဲ့အိမ်စာပဲတွက်လိုက်ရတာ
မင်းရောတွက်ပြီးပြီလား''''ပြီးပြီ.. ခနနေကျူရှင်သွားရမာမလား
မနက်ဖန်ဆိုပိတ်ရက်
ကျန်သေးတာမဟုက်လား
တနဂ်နွေဆိုတော့ အပြင်သွားကြမလား
ထူးထူးက shopping Mallသွားချင်လို့တဲ့'''' စေထူးက ပိတ်ရက်ဆိုတာနဲ့
လျောက်လည်ချင်တဲ့ကောင်ပဲ သွားတာပေါ့
စားပြီးရင်...ကျူရှင်သွားမယ်
စေထူးကရောက်နေပြီလို့
စာပို့လာတယ်'''' အင်း..ထူးထူးက ဒီနေ့အရောက်စောလို့ပါလား
အဲ့ဒါကြောင့်နေသာနေတာကိုး..''..............
'ယွန်းမီမီကို'
ဆယ်တန်းမှာ အချောဆုံးအလှဆုံး
ကျောင်းသူလေးဖြစ်၏
မာနလေးလည်းအနည်းငယ်ရှိသည်
စာတော်ကာ..လှပတဲ့အမျိုးသမီးငယ်မို့
ဂုဏ်မောက်သည်နောက်ပြီး။
စက်မင်းအာဏာတည်မိဘနှင့်
ယွန်းမိီမီကို မိဘက သိကျွမ်းကြသည်
YOU ARE READING
အကြင်နာသူသည်
General Fictionမင်းကငါကိုယ်တိုင်မီးထွန်းပြီးရှာမိတဲ့ ပြသနာလေးပဲ၊ မပိုင်ဆိုင်ခဲ့ရတဲ့သူကို ဆုံးရှုံးသလိုခံစားရတာ ရီရသား။