"စောင့်နေတာ ကြာသွားလား မောင်"
မောင်လဲ ခင့်ကိုပြုံးပြကာ ခင့်လက်ထဲက ဆွဲခြင်းလေးကို ယူလိုက်သည်။
"မကြာသေးပါဘူး ခင်ရယ် ၊ မောင်လဲ ခုနမှရောက်တာ "
မောင်လဲ ခင် ထုံးဖွဲ့ထားတဲ့ ဆံထုံးလေးနားမှာ နှင်းဆီနီတစ်ပွင့်ကို မောင်ကိုယ်တိုင် ခင့်ကို ပန်ဆင်ပေးလိုက်သည်။ထို့နောက် ခင့်မျက်နှာလေးကိုကြည့်ကာ ပြောလိုက်သည်။
"ခင်က နှင်းဆီနီနီနဲ့ သိပ်လိုက်ဖက်တာဘဲ"
"အို "
"မောင် တကယ်ပြောတာ ခင်ရဲ့၊ နှင်းဆီနီနီက မောင့်ခင်လေးနဲ့ဆို သိပ်လိုက်ဖက်တာဘဲ ၊ နောက်ပြီး
မောင့်စကားလုံးလေးတွေကြောင့် ခင်ပြုံးလိုက်ရင် သိပ်ချစ်ဖို့ကောင်းတာဘဲ""နှင်းဆီနီရဲ့ အဓိပ္ပါယ်ကို သိလား ခင်"
မောင့်မေးခွန်းကြောင့် ခင်က မောင့်ကို ပြုံးပြ ကာ ခေါင်းခါပြသည်။
"ဟင့်အင်း"
"နှင်းဆီနီက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ အချစ်ရဲ့ သေင်္ကတ တစ်ခုဘဲခင်ရဲ့ ၊ အမ်း ခင်နားလည်အောင်ပြောပြရရင် မောင် ခင့်ကို ချစ်တဲ့အချစ်တွေလိုပေါ့ ဒါပေမဲ့ နှင်းဆီနီနဲ့ ပတ်သတ်ပြီး လူတွေသတိမထားမိတာတစ်ခုကလေ လူတွေက နှင်းဆီနီကို သိပ်ရဲရင့်တဲ့ပန်းလို့ ထင်နေကြတာ ၊ အမှန်တော့ နှင်းဆီနီက သိပ်ကိုပျော့ညံ့တာ ခင်ရဲ့ "
ခင်လဲ မောင်ပြောတဲ့ စကားကို သေချာအာရုံစိုက်ကာနားထောင်ရင်း မောင့်ကို ပြန်မေးလိုက်သည်။
"ဘာလို့လဲ မောင်"
"နှင်းဆီနီက ၊ သူ့မှာ ရှိတဲ့ အရောင်နဲ့ဆူးတွေကြောင့်သာ လူတွေက သူ့ကို ရဲရင့်တဲ့ပန်းလေးလို့ထင်နေကြတာလေ ၊သူ့မှာသာ ဆူးတွေနဲ့အရောင်သာမရှိရင် သူဟာ ဖြူစင်သန့်ရှင်းပြီး အရမ်းကိုပျော့ညံ့တဲ့ အဖြူရောင်နှင်းဆီပန်းလေးတစ်ပွင့်ဘဲပေါ့ ခင်ရယ်"
"မောင်ကလေ အင်ဂျင်နီယာ မလုပ်ဘဲ ကဗျာဆရာ လုပ်သင့်တာ သိလား"
"အကယ်၍ မောင်သာ ကဗျာ ဆရာလုပ်မယ်ဆိုရင် ခင့်ရဲ့အလှတွေကို တစိမ့်စိမ့် ထိုင်ကြည့် ပြီး ကဗျာတွေ ဖွဲ့နေမိမယ် ထင်တယ်"
YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။