"ရောက်လာပြီလား"
ဒန်းပုခက်လေးပေါ် ထိုင်ရင်း နေဝင်ခါနီး ကောင်းကင်ကြီးကို ငေးနေသည့် ထိုအမျိုးသားအား ရှောင်ကျန့် ငေးကြည့်နေမိသည်။
"ကိုယ်က အားကျန့် ရောက်မလာတော့ဘူးတောင် ထင်နေတာ၊ ရောက်လာသားပဲ..."
"လွမ်းနေတာကိုးး.."
ရှောင်ကျန့် အသံတွေ တိမ်ဝင်သွားသည်။ စို့နင့် ဝမ်းနည်း လာတဲ့ ခံစားချက်ကြောင့် မွေးတည်းက အားနည်းနေခဲ့တဲ့ နှလုံးသားက အောင့်တက်လာတယ်။
"အင်း.. ကိုယ်ရောပဲ"
ရီဝေဝေ အကြည့်လေးတွေ၊ ချိုသာတဲ့ အပြုံးတွေကို လက်ဆောင်ပေးရင်း ရိပေါ်က ရှောင်ကျန့်ဘက်ကို လှည့်ကြည့်လာတယ်။
"ကိုယ်လည်း မင်းကို အများကြီး လွမ်းနေခဲ့တာ"
"လွမ်းတယ်ပြောပြီး တစ်ခါမှလည်း လာမတွေ့ဘဲနဲ့"
နှုတ်ခမ်းထော်ပြီး စိတ်ဆိုးဟန် ပြောမိတော့ ထိုနာမ်လေးက သဘောတကျ ရယ်တယ်။
ထို့နောက် သူ့လက်ဖဝါးပြင်ကျယ်ကြီးကို ဖြန့်ပြီး ရှောင်ကျန့်ဆီ ကမ်းပေးလာတယ်။
"ကိုယ့် ပေါင်ပေါ် လာထိုင်ပါလား ကလေး"
"နှစ်ယောက်လုံး ပြုတ်ကျကုန်မှာပေါ့"
မျက်စောင်းထိုးပြီး ပြောလိုက်ပေမယ့် သူ ရိပေါ် ၊ပေါင်ပေါ် နေရာယူပြီးနှင့် နေပြီ။
နွေးထွေးမှုအစား အေးစက်မှုလှိုင်းတွေက သူ့ခန္ဓာကိုယ် အသားထဲ စီးဝင်လာသည်။
ရှောင်ကျန့် မျက်မှောက်ကြုတ်ပြီး မေးလိုက်တယ်။
"ဒီမှာထိုင်နေတာ ဘယ်လောက်တောင် ကြာပြီလဲ မင်းတစ်ကိုယ်လုံး အေးစက်နေတာပဲ"
"ဒီမှာထိုင်တာကြာတာနဲ့ မဆိုင်မှန်း အားကျန့် သိပြီးသားပါ"
လေသံချိုချို အေးအေးနဲ့ ထိုအမျိုးသားက ပြန်ဖြေလာတယ်။ ရှောင်ကျန့် လက်သီးဆုပ်မိသွားသည်။
သူ ငြိမ်ကျသွားတဲ့ အခိုက်၊ ရိပေါ်က သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လာသည်။
ခါးနေရာမှာ တင်းကြပ်နေတဲ့ လက်နှစ်ဖက်နဲ့ ကျောပြင်ပေါ် နေရာယူထားတဲ့ မျက်နှာနုလေးရဲ့ အထိအတွေ့ကြား သူ မငိုမိအောင် ထိန်းနေရတယ်။
YOU ARE READING
Please Don't Put Me To Sleep
Short Story" အဓိပ္ပါယ်မရှိတဲ့ နေ့ရက်တွေပါပဲ.. နိုးလာတဲ့အခါ ကျွန်တော့်ကို လာရှာပေးမလား ဝမ်" [ short story ]