Chapter 28: စာပြန်ခြင်းဝေ့ကျန့်ဝေ့ ၏စာကို ညဘက်မိသားစုစုံစုံလင်လင်ရှိနေချိန်တွင် အတူတကွဖွင့်ဖတ်ကြသည်။ စာထဲတွင် စစ်တပ်ထဲရှိသူ့အခြေအနေများကိုဖော်ပြထားပြီး မိသားစုဝင်အားလုံးကိုသာကြောင်းမာကြောင်းမေးထားသည်။ စပါးစိုက်ခင်းအကြောင်းကိုလည်းမေးထားသေးသည်။
ဝမ့်ချွန်ဟွားက စာမဖတ်တတ်သောကြောင့် ဝေ့ကျန်းရှင်း က ဒိုင်ခံဖတ်ပေးရသည်။ စာဖတ်ပြီးသောအခါ ဝမ့်ချွန်ဟွားကမျက်နှာထက်တွင်အပြုံးတစ်ခုဖြစ်တည်လာလျက် ထိုစာစောင်ကိုစာအိတ်ထဲ ကို ဂရုတစိုက်ထည့်ပိတ်လိုက်သည်။
"မနက်ဖြန်ကျရင် ကျန့်ဟွားအိမ်ပြန်လာမှာပဲ... အဲဒီအခါကျမှကျန့်ဝေ့ကိုစာပြန်ဖို့ ကျန့်ဟွားကိုစာတစ်စောင်ရေး ခိုင်းလိုက်မယ်...ရှောင်ယွင်လည်းစာပြန်ချင်ရင်...ကျန့်ဟွားနဲ့ရေးခိုင်းလိုက်နော်" ဝမ့်ချွန်ဟွားက တက်ကြွစွာဖြင့်ပြောသည်။
ယခင်ကလည်း ဝေ့ကျန့်ဝေ့ ၏စာများကိုပြန်စာရေးနေကျသူမှာ ဝေ့ကျန့်ဟွားပင်ဖြစ်သည်။ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သည့်အတွက် မိဘများကသူ့ကိုသာအားကိုးနေကြခြင်းဖြစ်သည်။ ကျန့်ဟွားအိမ်တွင်မရှိသည့်အခါတွင်လည်း ထိုစာများကိုကျောင်းအထိပို့ကာပြန်စာရေး
ခိုင်းလေ့ရှိသည်။
"ဟုတ်ကဲ့ပါ..."။ ဟဲ့ရှောင်ယွင်လည်းခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။ ကလေးငယ် ဝေ့ယွမ်ဟန်ကို ချော့သိပ်ပြီးနောက်အိပ်မောကျသွားသောအခါ ရေနံဆီမီးအိမ်ကိုမီးညှိပြီး ဝေ့ကျန့်ဝေ့ ၏စာရေးခုံအံဆွဲဆီမှာဘောပင်တစ်ချောင်း နှင့် စာရွက်တစ်ရွက်ကိုထုတ်ကာ ဘယ်ကနေစရရေးရမည်ကိုစဥ်းစားနေမိသည်။
စာတစ်စောင်၏ပထမဆုံးစာကြောင်းကိုရေးရန်အတွက် ဦးနှောက်စားနေရသည်။ "ဝေ့ကျန့်ဝေ့ " ဟူ၍အစချီပြီးရေးလိုက်လျှင်လည်း သူစိမ်းဆန်လွန်းနေသည်။ "ကျန့်ဝေ့" ဟုသုံးနှုန်းလိုက်လျှင်လည်း တစ်ယောက်နှင့်တစ်ယောက်အရမ်းချစ်ခင်ရင်းနှီးသည့်ပုံစံပေါက်နေပြန်သည်။ ဟဲ့ရှောင်ယွင်က အများသူဌာရှေ့တွင် ကျန့်ဝေ့ဟုခေါ်လေ့ရှိသော်လည်း နှစ်ယောက်တည်းရှိသည့်အချိန်တွင် ထိုသို့ခေါ်ဖို့ကျတော့တစ်မျိုးကြီးဖြစ်နေသည်။ သေသေချာချာတွေးကြည့်ပြန်လျှင် ဝေ့ကျန့်ဝေ့ ကိုယ်တိုင်ကလည်း သူ(မ)ကိုနာမည်တပ်ပြီး ဘယ်သောအခါမှမခေါ်ခဲ့ဖူးပေ။
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.