8♡. unicode

363 30 32
                                    

 
" ဘုန်း "

" အင့်...ခင်များ "

တစ်လမ်းလုံးလဲဘာစကားမှမဆိုဘဲ အိမ်ပြန်ရောက်သည်နှင့် ဒေါသတကြီးဖြင့် အခန်းထဲသို့ လက်ဆွဲခေါ်လာကာ ကုတင်ပေါ်သို့ ခပ်ကြမ်းကြမ်း တွန်းချခြင်းခံလိုက်ရသည်မို့ ရိပေါ်မှာ အိပ်ယာပေါ်သို့ ပစ်စလက်ခတ် လှဲကျသွားရသည် ‌ဝမ်းနည်းတာရော နာတာရောပေါင်းပြီး ရိပေါ်မှာ အိပ်ယာပေါ်က ကုန်းရုန်းထပြီး ရှောင်းအားရန်တွေ့မိသည်

" ရှောင်းခင်များ ဘာဖြစ်နေတာလဲ"

ရိပေါ်မှာ သူ့အား ခါးထောက်လို့ ဒေါသမျက်ဝန်းတွေဖြင့်ကြည့်နေသူအား တန်ပြန်စိုက်ကြည့်လို့ဆိုမိသည်

" ဘာဖြစ်နေတာလဲဟုတ်လား ကိုယ့်အိမ်ထောင်ဘက်တစ်ယောက်ကို hotel မှာ တစ်ခြား‌ ယောင်္ကျားလေးတစ်ယောက်နဲ့တွဲမြင်လိုက်ရတာကို ဘာဖြစ်နေတာလဲလို့ မင်းမေးတတ်တယ်နော်ဝမ်ရိပေါ် "

" ခင်များ ထင်ကြေးတွေနဲ့ ကျွန်တော့်ကိုလာမစွတ်စွဲနဲ့ရှောင်း "

" ငါ့မျက်လုံးနဲ့ မင်းတို့နှစ်ယောက်ရဲ့ ကြည်နူးခန်းကိုကိုယ်တိုင်တွေ့ခဲ့ရတာ ပြောင်မငြင်းနဲ့ဝမ်ရိပေါ်ပြီးတော့ မင်းလိုလူမျိုးက...."

ရှောင်းက စကားကို တစ်ဝက်တစ်ပြတ်ဖြင့်ရပ်ပစ်လိုက်ကာ ရိပေါ်မျက်နှာအားစူးစိုက်လို့ကြည့်နေလေသည်

" ဘာဖြစ်လဲဆက်ပြောလေ ကျွန်တော့်လိုလူမျိုးကဘာဖြစ်လဲ "

" အေးပြောမယ် မင်းလို ရူပ်ပွေတတ်လွန်းတဲ့ ဗီဇ ရှိတဲ့လူတွေက အိမ်ထောင်ရှိနေတာတောင် ဖောက်ပြန်ဖို့ကိုလွယ်လွယ်နဲ့တွေးနိုင်ကြတယ် "

ရိပေါ်ဟာ ဘာမှတုန့်ပြန်ချက်မပေးနိုင်တော့အောင်ကို ရှောင်းရဲ့စကားတွေဟာ ပြင်းထန်လွန်းလှသည် ဖောက်ပြန်သည်တဲ့လား ဝမ်ရိပေါ်ဆိုတဲ့ ဒီကောင်က ခင်များကို ရူးမလို ချစ်နေတဲ့ ဒီကောင်က ခင်များအပေါ် ဖောက်ပြန်သည်တဲ့လား

" မင်းကိုငါ အဲ့လောက်ထိ သိက္ခါမဲ့မယ်လို့မထင်ထားခဲ့ဘူး  "

ထပ်မံထွက်‌ပေါ်လာတဲ့ရှောင်းရဲ့စကားလုံးတွေကြောင့်ရိပေါ် မယုံနိုင်ခြင်းများစွာဖြင့် ချစ်ရသူရဲ့မျက်နှာအား နာနာကျင်ကျင်စိုက်ကြည့်မိသွားသည်

This Is Call Love Where stories live. Discover now