"တာ့တာ ၊ ညနေကျရင် မောင်လာ ကြိုမယ်နော် ခင်""ဟို ၊ ညနေကျရင် ခင့်ကို လာမကြိုတော့နဲ့တော့ မောင်"
ခင့်ရဲ့ ရုတ်တရက်ပြောလိုက်တဲ့ စကားကြောင့် မောင်လဲခနအံ့သြသွားခဲ့သည်။ထို့နောက် ခင့်ကို ပြန်မေးလိုက်သည်။
"ဘာလို့လဲ ခင်"
"ဟို ၊ ညနေကျရင် ခင် မမမျိုးတို့နဲ့စျေးဝယ်တာ လိုက်သွားမလို့"
မောင်လဲ ခင့် ခေါင်းလေးကို လက်ကလေးနဲ့အသာပုတ်ကာ ပြောလိုက်သည်။
"အော် ဟုတ်ပါပြီဗျာ ၊ စောစောပြန်လာနော် ခင် ၊ မောင်စောင့်နေမယ် "
"ဟုတ် ၊ ဒါဆို ခင် သွားတော့မယ်နော် မောင်"
မောင်လဲ ခင့်ကို ခေါင်းလေးညိတ်ပြကာ ပြုံးပြလိုက်သည်။
ထို့နောက် ခင် ကျောင်းဝင်းထဲဝင်သွားသည်အထိ ရပ်ကြည့်နေခဲ့သည်။ ခနအကြာ မောင့်အနားသို့ မဲကြီး ရောက်လာခဲ့သည်။
"ရဝီမောင် "
မောင်လဲ ခေါ်သံကြားလို့အနောက်ကို လှည့်ကြည့်လိုက်သည်။
"မဲကြီး ၊ ဘယ်လာတာလဲ"
"ငါလား ၊ ဒီနားလေးမှာ တစ်ချက် ဝယ်စရာရှိလို့လာတာ ၊ နင်က မမခင်ကို လာပို့တာလား"
မဲကြီးကို ပြုံးပြကာ မောင်လဲ ခေါင်းညိတ်ပြီးပြန်ဖြေလိုက်သည်။
"အေး ဟုတ်တယ်ဟ "
"ဒါဆို အတော်ဘဲ ၊ ငါနဲ့ဘူးသီးကြော်သွားစားကြမလား"
"အင်း ငါလဲ အားနေတာနဲ့ အတော်ဘဲ သွားကြတာပေါ့"
"အင်း"
ဒီလိုနဲ့ မောင်နဲ့မဲကြီးလဲ အရီးလေး စမ်းကြည်ရဲ့ ဘူးသီးကြော်ဆိုင်လေးရှိရာကို ရောက်လာခဲ့ကြသည်။
ပြောမဲ့သာပြောတာ ရွာမှာဆို အရီးလေးစမ်းကြည်ရဲ့ ဘူးသီးကြော်က တအားစားလို့ကောင်းသည်။"ထိုင် သူငယ်ချင်း ၊ ငါ အကြော်သွားရွေးပေးမယ်"
"အေးအေး"
မောင်လဲ မဲကြီးကို စောင့်နေရင်းနဲ့ စားပွဲပေါ်မှာတင်ထားတဲ့ ရေနွေးကြမ်းလေးကို ငဲ့ကာ ထိုင်သောက်နေရင်း မောင့်အနောက်ဘက် ဝိုင်းက အမျ်ိုးသမီးကြီးတစ်ချို့ပြောတဲ့အသံကို မောင်ကြားလိုက်ရသည်။
YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။