p-7 z

133 2 0
                                    

အဖွားအိမ်က အန်တီသင်းဆိုတဲ့ လူလွှတ်လိုက်တာကြောင့်  အာဏာတည်တံ့တို့ သားအမိ အာရုံကို အခုတစ်လော သိပ်ပြီး နှိပ်စက် မှုတွေ သိပ်မလုပ်ပါ

"အာရုံ မင်းကလဲကွာ ကော်ဖီသောက်ချင်ပြောရောပေါ့ ကိုဖျော်ပေးမှာပေါ့"

အာဏာတည်တံ့က ကော်ဖီဖျော်နေတဲ့ အာရုံအနောက်ကို သိုင်းဖက် ပြီးစကားေ‌ပြာလာသည်

"ဟို အန်တီက‌ ဖျော်...ဖျော်ခိုင်းလို့ပါ"

"မင်းသွားနားလိုက်ပါ ကိုပဲ ဖျော်လိုက်ပဲ"

"ဟို..."

"သွားပါ ကိုဖျော်ပြီး မေ့မေ့ကို ပေးလိုက်မယ်"အာရုံ ထွက်လာတော့ တံခါးဘေးမှာ ရပ်နေတဲ့ အန်တီ သင်းကိုမြင်တော့ အာရုံ အန်တီသင်းကို ပြုံးပြီး ထွက်လာလိုက်သည်

အန်တီသင်းက အာရုံတို့ကို အမြဲစောင့်ကြည့်တာကြောင့် အာဏာတည်တံ့က သူ့အပေါ် အမြဲတမ်းကြင်နာပြသည် ရင်ထဲက မပါမှန်းတော့ သူအတတ်သိသည်

"မင်းကို ကြင်နာပြနေတိုင်းရောင့်တတ်မလာနဲ့အာရုံဦး အန်တီသင်းရှိလို့ မင်းကို ကြင်နာပြတယ်ဆိုတာ မင်းမှတ်ထား မင်းကို နှိပ်စက်တာ ဖွားသာ သိသွားရင် ငါအမွေဖြတ် စွန့်လွှတ်ခံရမှာ"
"မင်းကို နှိပ်စက်တာ ဖွားကိုသွားပြောမယ်ဆို မင်း မိဘတွေနဲ့ မင်းအစ်မ အသုဘ ကို မင်းမြင်ရလိမ့်မယ်"

"ခင်များ ယုတ်မာလှချည်လား
အဖွားကို ကျွန်တော် ဘာမှ မပြောဘူး ဖေဖေနဲ့မေမေတို့ကို ဘာဒုက္ခ မှ မပေးနဲ့"

"မင်းစကား မင်းတည်ပါစေ အာရုံဦး"

၃နှစ် ဆိုတဲ့ အချိန်ကာလ ဟာ ကျော်လွန်လာပြီ အာဏာတည်တံ့ဟာ အန်တီသင်းရှေ့ကျ အာရုံ့ကို ကြင်နာပြလိုက် အန်တီသင်း မရှိရင် သူမကျေနပ်တာတွေ ပြောပြီး နှိပ်စက်လိုက်နဲ့ ရာသီစက်ဝန်းတွေကုန်လာသည်

အမှန်တကယ် မဟုတ်တဲ့ ကြင်နာမှုတွေဆိုတာ အာရုံသိရက်နဲ့ ဘာကြောင့်များ သူ့ကို ချစ်မိသွားရပါလိမ့်

တစ်ခါ အန်တီသင်း မရှိတဲ့တစ်နေ့
အာဏာတည်တံ့နဲ့ အာရုံ ရန်အကြီးအကျယ်ဖြစ်ကြသည် အာဏာဟာ အာရုံ့ကို လှေကားပေါ်ကနေ တွန်းချလို့ အရေးပေါ် ခန်းထဲရောက်ခဲ့ဖူးသည်

ဗီလိန် (Villain)Where stories live. Discover now