"သူ့နာမည်ကlinglingkwong သမီးOomeisayaနားမှာထိုင်လိုက်"
အပြုံးလှလှနဲ့ကောင်မလေးဟာlingကိုလက်လှမ်းပြလာတယ်။lingသူ့ဘေးနားကို၀င်ထိုင်လိုက်တာနဲ့ပဲ
" စာအုပ်ပေးစာဝိုင်းကူပေးမယ်"
"Omm"
" Bow ငါ့ကိုစာ၀်ိုင်းကူးပေးဦး"
ထိုအချိန်သူတို့နားကိုchanelရေမွှေးအနံ့နဲ့အတူခပ်လှလှကောင်မလေး၁ယောက်ကlingမျက်နှာနားသို့ငုံ့လာပြီး
"Hey တို့နာမည်က Bamsaralee Bamလို့ပဲခေါ်ပေါ့"
Oom ကမချိပြုံးဖြင့်စာအုပ်၃အုပ်ကိုBamထံပေးလိုက်ရင်း
"အတန်းခေါင်းဆောင်ကငါတို့ထက်တာဝန်ပိုရှိတော့စာပိုကူးပေးလေနော့"
"ဟုတ်ပါပြီlingအာ့ဆိုတို့သွားတော့မယ်နော်"
"immစာကူးပေးလို့ကျေးဇူး"
ချမ်းသာရုပ်ချောတဲ့အပြင်အတန်းခေါင်းဆောင်လဲဖြစ်ပေမယ့်socialကောင်းတဲ့သူမကိုling မျက်စိတဆုံးလိုက်ကြည့်နေမိတယ်။အဲ့တာကိုသတိထားမိတဲ့Oomက
"သူက၀န်ကြီးမြေးလေ...ရုပ်လှပေမယ့်ဒီအခန်းထဲမှာသူနဲ့လွတ်တဲ့ယောကျ်ားလေးဆိုတာရှားတယ်"
Oomရဲ့ပြောစကားကြောင့်ဒီချမ်းသာတဲ့playgirlလေးကိုသူမရှောင်ဖို့ဆုံးဖြတ်လိုက်တယ်။သူအမှန်တိုင်းပြောရင်ဒီလိုလူချမ်းသာတဲ့လူများတဲ့ကျောင်းကိုပြောင်းချင်ခဲ့တာမဟုတ်School busမစီးချင်တဲ့သူ့ကိုသူ့အမေရဲ့အိမ်နဲ့ကျောင်းလမ်းလျှောက်ပြန်လို့ရတယ်ဆိုတဲ့မက်လုံးကဆွဲဆောင်သွားတာ
"ဟိတ် ကျောင်းသူသစ်လမ်းလျှောက်ပြန်တာလား"
သူမကိုပြုံးပြနေတဲ့ကောင်မလေးကိုဘယ်သူလဲမသိသေချာတာတော့သူတို့အခန်းထဲကပဲဖြစ်လိမ့်မယ်။
"ငါက Ying နင်ဘယ်နားမှာနေတာလဲ"
"နှင်းဆီလမ်း"
"ငါက ချယ်ရီလမ်း ကောင်းတာပေါ့ငါတို့တူတူပြန်လို့ရတယ် နောက်နေ့ကျောင်းအတူတူသွားကြမယ်လေ"
ဒီစကားများတဲ့၁ယောက်နဲ့အသွားအပြန်ဆိုတာစဥ်းစားကြည့်ရင်ခေါင်းကြိမ်းစရာဒါပေမယ့်အားနာတတ်တဲ့စိတ်ကအနိုင်ယူသွားတာမို့ခေါင်းသာငြိမ့်ပြလိုက်တယ်။
"Hey Orm အိမ်ကလာမကြိုသေးဘူးလား?"
သူမပြောတဲ့Ormဆိုတဲ့ကောင်မလေးကိုကြည့်လိုက်တော့lingရင်ထဲအမည်မသိလှိုင်းတခုဖြတ်ပြေးသွားတယ်။သူ့ထက်အရပ်ရှည်ပြီးအသားဖြူဖြူနဲ့ဆွဲ ဆောင်မှုရှိတဲ့ကောင်မလေးကသူတို့အခန်းရဲ့Queenပဲဖြစ်ရမယ်။
"ဟုတ်တယ်"
"ဒီမှာlingလဲငါ့လိုပဲလမ်းလျှောက်ပြန်တာနောက်ဆုံးတော့အဖော်ရသွားပြီ"
Yingကသာရေဖက်မ၀င်ပြောနေတာဘေးက၂ယောက်က၁ယောက်ကို၁ယောက်အပြုံးတချက်တောင်မစွန့်ကြဲ
"အာ့ဆိုငါတို့သွားပြီ"
"အေးမနက်ဖြန်ဘင်ခရာအတွက်drumsticksယူခဲ့ဦး"
"Ok kha"
ထိုကောင်မလေးအတော်လှမ်းလှမ်းမှာကျန်ခဲ့တော့မှYingက
"သူ့နာမည်က ormkornnaphat တဲ့ငါတို့အခန်းရဲ့ queenလေ"
"Aww"
"နေဦးနင်အခုငါပြောမှသူ့ကိုအခန်းထဲကလူအနေနဲ့သိတာတော့မဟုတ်ဘူးမှတ်လား"
Yingရဲ့အပြောကိုlingဒီနေ့ပထမဆုံးအနေနဲ့စိတ်လွတ်လက်လွတ်ရီမိရင်း
"ဟုတ်တယ်ငါကobservationသိပ်မကောင်းဘူး"
"ထင်သားပဲ ဒါနဲ့နင်ဘယ်အသင်း၀င်လဲ"
"ပန်းချီ"
"Oomနဲ့တူတူပဲပေါ့"
"ဟုတ်တယ် ကဲငါ့လမ်းရှေ့ရောက်ပြီးသွားတော့မယ်"
"မနက်ဖြန်မနက်၈နာရီလောက်တွေ့မယ်လေ"
"Ok"
အိမ်ပြန်ရောက်တော့သူမရဲ့ညနေroutineတွေကိုလုပ်ပြီးတာနဲ့အိပ်ရာထဲမှာသူမရဲ့ပထမဆုံး ကျောင်းတက်ရက်ကိုlingပြန်တွေးနေရင်းသူမရဲ့အတွေးကိုစိုးမိုးသွားတာက Ormဆိုတဲ့ကောင်မလေးရဲ့မျက်လုံး၀ိုင်း၀ိုင်းလေးတွေ
"လှလိုက်တာ...ဒါပေမယ့်ငါကွေးနေတယ်ဆိုတာဘယ်သူမှပေးသိလို့မဖြစ်ဘူး ဒီကျောင်းကကောင်မလေးတွေကအန္တရာယ်များလွန်းတယ်"