မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)part8

1.2K 42 2
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ

(အခန်း၈)

ယူရီသူ့ကိုသေနတ်ဖြင့် ချိန်ရွယ်ရင်းမှ
သေနတ်ကိုပြန်ရုတ်သိမ်းလိုက်ရင်း
အတွေးတစ်ခုက ခေါင်းထဲဝင်လာသည်။

ထို့ကြောင့် ယူရီနှုတ်ခမ်းတို့အား
ပြုံးလိုက်ရင်း သေနတ်ကိုသူမရဲ့
နထင်ဆီသို့ထိုးချိန်ထား၍
သူပြန်လှည့်ကြည့်လာမည့်အချိန်ကို
ဒီတိုင်းစောင့်နေလိုက်သည်။

.......

အနောက်မှလိုက်လာမည်ဟုထင်ထား
သော်လဲ ပါမလာသည့်ဖွဲ့နွှဲ့မမှီကြောင့်
ကမ်းနားအနောက်သို့ လှည့်ကြည့်လိုက်သည်။

"ဟင်!!..."

သူ့ကိုယ်သူသေနတ်ဖြင့်ချိန်ရွယ်ထားသည့်
ဖွဲ့နွှဲ့မမှီလုပ်ရပ်ကြောင့် ကမ်းနား
အထိပ်တလန့်ဖြင့် အပြေးတစ်ပိုင်း
ပြန်ကွေ့လာလိုက်သည်။

ဒိုင်း..

သူမလက်ထဲမှသေနတ်ကို အတင်းဆွဲ
ယူလိုက်ရာ သေနတ်ကျည်က မတော်တဆ
ထွက်သွားလေသည်။

တော်သေးသည်က ဘယ်သူ့ကိုမှ
ထိမသွားခြင်းပင်။

"တောက်စ် မင်းရူးနေတာလား..မင်းဘာလို့
အခုလိုလုပ်ရတာလဲကွ ဟမ်"

ကမ်းနားဒေါသဖြစ်စွာအော်ထည့်
လိုက်တော့သူမမျက်ဝန်းမှ မျက်ရည်များ
ပြိုဆင်းလာသည်။

"ငါသတ်သေပစ်မှာ..အီးဟီး..နင်ငါ့ကို
ထားခဲ့ရင် ငါတစ်ကယ် သတ်သေပစ်မှာ
ပေး သေနတ်ပြန်ပေး..အဟင့်ဟင့်..."

ဝမ်းနည်းစွာရှိုက်ငိုရင်းဖြင့် သေနတ်ကို
ပြန်လည်လိုက်လုနေသည်ကြောင့်
ကမ်းနားသေနတ်ကို အပေါ်သို့
မြှောက်ထားလိုက်သည်။

"အရူးမထနဲ့ဖွဲ့နွှဲ့မမှီ..လာ ထသွားမယ်"

"ဒါဆိုကတိပေး..."

"ဘာ.."

"ငါ့ကိုထာခဲ့ပြီး ဟိုမိန်းမနဲ့မတွေ့ပါဘူးလို့
ကတိပေးပါ မိုးထိကမ်းနား"

"ကျစ်!!..အာရုံပဲကွာ.."

"နင် ကတိမပေးရင် ငါတစ်ကယ်
ကိုယ့်ကိုယ်ကို သတ်သေပစ်မှာ
ငါနင့်ကိုသေလောက်အောင်ချစ်တာ
နင်သိရဲ့လား...ငါနင့်ကိုတစ်ကယ်ချစ်တာ
အီးဟီး..နင့်ကိုချစ်လို့ ငါရူးတော့မယ်
မိုးထိကမ်းနားရဲ့"

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Where stories live. Discover now