Uni
အမိန့်toiletထဲကထွက်သွားခဲ့သည်အထိမှိုင်းtioletခန်းရဲ့နံရံထောင့်လေးမှာအခုနကရှိခဲ့သည့်အတိုင်းကပ်နေမိတုန်းပင်။
မှိုင်းတုန်တုန်မျှမလှုပ်မိပဲငြိမ်သက်နေသည့်တိုင်အောင် မှိုင်းမျက်ရည်တွေကစီးကျနေမိတုန်းပင်။မှိုင်းဟာ သူတစ်ပါးအနိုင်ယူထိပါးရုံလူသာသာတစ်ယောက်ပဲလား။မှိုင်းမငိုချင်ပါဘူး။ငိုတာဟာအရှုံးပေးတာပဲလေ။ဒါဆို အခုမှိုင်းအကုန်လုံးကိုအရှုံးပေးနေတာလား။မှိုင်းအော်ငိုလိုက်ချင်သည်။အခုလိုတိတ်တိတ်လေးမဟုတ်ပဲအားလုံးကြားနိုင်အောင်အော်ငိုပစ်ချင်သည်။မှိုင်းရင်ထဲမှာ အရမ်းမွန်းကြပ်နေပြီ။မွန်းကြပ်လွန်းလို့ရူးတော့မယ့်အတိုင်းပဲ..။
ယောင်္ကျားလေးတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတစ်ယောက်လိုဆက်ဆံခံရတာတွေ။လှောင်ပြောင်တဲ့အကြည့်တွေ။ကိုယ်ထိလက်ရောက်အနိုင်ယူမှုတွေ။ယုတ်ညံ့တဲ့စကားတွေ။ဒီလိုအပြုအမူတွေကိုရင်ဆိုင်နေရပေမယ့် မှိုင်းအတွက် နှစ်သိမ့်ပေးမယ့် လူတစ်ယောက်တောင်ရှိမနေခဲ့ဘူး။သူငယ်ချင်းဆိုတာဟာလည်း မှိုင်းမသိတဲ့အရာတစ်ခုပဲ။မှိုင်းရင်ဖွင့်ချင်ပါတယ်ဆိုရင်တောင် ဘယ်သူကမှိုင်းရဲ့ခံစားချက်တွေကို နားထောင်ပေးမှာလဲ..။
မှိုင်းငိုပြီးရင်းငိုမိသည်။ရှိုက်သံတွေပါထွက်သည်အထိငိုမိသည်။
မှိုင်းမပျော့ညံ့ချင်ဘူး။ပျော့ညံ့တယ်လို့ပြောတာကိုလည်းမခံချင်ဘူး။မှိုင်းသန်မာချင်တယ်။ကိုယ့်ကိုယ်ကိုခံနိုင်ရည်ရှိပါတယ် သန်မာပါတယ်လို့နှစ်သိမ့်နေပေမယ့်လည်း ပြဿနာနဲ့ကြုံရတိုင်းမှိုင်းဟာဘာလို့ ပျော့ညံ့သွားရတာလဲ။ဘာလို့သတ္တိမရှိရတာလဲ။သူတို့ပြောကြသလိုမှိုင်းကတကယ်ပျော့ညံ့တဲ့အခြောက်လား။မဟုတ်ဘူး။အဲ့လိုလုံးဝမဟုတ်ဘူး!။
__________________မိသားစုညစာစားဝိုင်းတွင်ဖြစ်လိမ့်မည်..။
ဒီညတော့ အိမ်ရဲ့ထမင်းပွဲလေးကလူစုံပါသည််။ကယ်လေးကစီးပွားရေးသမားပီပီ အမြဲလိုလို dinnerတွေpartyတွေသွားရသူမို့ ကယ်လေးနဲ့ထမင်းတူတူစားရတာဟာ သိပ်ကိုရှားပါသည်။အခုတော့ ထမင်းစားပွဲတွေ ကယ်လေး၊တီလေး၊သက်လေး၊အစ်ကိုမင်းအံ့နှင့် မှိုင်းပါရှိနေသည်။
YOU ARE READING
My Husband is bad boy
Romance"ကျုပ်ရဲ့အမိန့်တစ်ချက်နဲ့တင် လူတိုင်းကိုသွေးတောက်တောက်ကျစေတဲ့ထိ ကျုပ်လုပ်နိုင်တယ် "သွေးစက်အမိန့်" "အဲ့ဒီ့လူတွေထဲမှာငါမပါဘူး သွေးစက်အမိန့်" ...