(11.1) ချစ်ရတဲ့ လူငယ်လေး

335 49 4
                                    

(11.1)ချစ်ရတဲ့ လူငယ်လေး

နောက်တစ်ရက်မှာတော့ ချန်ယန်အကယ်ဒမီရဲ့ တပ်သားသစ်စုဆောင်းရေးအတွက် ကြီးကြပ်ရေးမှူးက လီကျိုးရှင်းတို့ကို လာရှာခဲ့တယ်။ သူ့ရဲ့အနောက်မှာလည်း အရာရှိနှစ်ယောက် ပါလာခဲ့သေးတယ်။

အရာရှိနှစ်ယောက်က အင်ပါယာရဲ့ စစ်ယူနီဖောင်းအပြည့်အစုံကို ဝတ်ဆင်ထားခဲ့ကြပြီး သူတို့က ခန္ဓာကိုယ်ကို ဖြောင့်မတ်တည်တန့်စွာ မတ်တပ်ရပ်နေခဲ့ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ငယ်ရွယ်ပြီး အားအင်အပြည့် ပုံပေါ်နေခဲ့ကာ တစ်ယောက်ကတော့ ရင့်ကျက်ပြီး ပြဿနာတွေအားလုံး ဖြေရှင်းနိုင်တဲ့ အရှိန်အဝါမျိုးရှိပုံရတယ်။

အရာရှိနှစ်ယောက်က သူတို့ရှေ့မှာ ရပ်နေတဲ့ ကျောင်းသားငါးယောက်ကို အနီးကပ်စောင့်ကြည့်နေကြပေမယ့် သူတို့ကြောင့် လူငယ်လေးတွေ သက်တောင့်သက်သာ မဖြစ်မှာကို စိုးရိမ်တာကြောင့် လေထုရဲ့ တင်းမာမှုကို ဂရုတစိုက် ဖြေလျော့ပေးနေခဲ့ကြပြီး တပ်သားသစ်လေးတွေ စိတ်အေးလက်အေးဖြစ်စေဖို့ အတတ်နိုင်ဆုံးပြုမူနေခဲ့ကြတယ်။

"ဒီအရာရှိတွေက ချန်ရှင်းစစ်တပ်ရဲ့ တတိယမြှောက်တပ်ဖွဲ့ကနေ ရောက်လာကြတာလေ"

ကြီးကြပ်ရေးမှူးရဲ့ အမူအရာက တည်တံ့နေခဲ့ပေမဲ့ သူ့ရဲ့အသံကလည်း နူးညံ့ညင်သာနေခဲ့တယ်။

"သူတို့က မင်းတို့ဆီကနေ မေးချင်တာလေးတွေ ရှိလို့ရောက်လာကြတာ.. သူတို့မေးတဲ့မေးခွန်းတွေကို အတတ်နိုင်ဆုံး အသေးစိတ်ကျပြီး အရိုးသားဆုံး ဖြေပေးလိုက်ပါ"

လီကျိုးရှင်းတို့ အဖွဲ့သားတွေက သူတို့အချင်းချင်း ကြည့်လိုက်ကြပြီးမှ ကြီးကြပ်ရေးမှူးရဲ့ စကားကို ခေါင်းညိတ်လိုက်ကြကာ ရောက်ရှိလာတဲ့ အရာရှိတွေဘက်ကို လှည့်ပြီး ပြောလိုက်တယ်။

"ကောင်းပါပြီ.. သိချင်တာ မှန်သမျှကို မေးလို့ရပါတယ်"

"အလျင်လိုစရာမလိုပါဘူး.. အရင်ဆုံးထိုင်ကြတာပေါ့"

အသက်ပိုကြီးတဲ့အရာရှိက ပြုံးလိုက်တယ်။

"သိပ်ပြီး မများပါဘူး .. ငါတို့က မင်းတို့ Vagor မှာ တွေ့ခဲ့တဲ့ ကြယ်တာရာပင်လယ်ဓားပြနဲ့ ပတ်သတ်တဲ့ အကြောင်းလေးတွေကို မေးချင်လို့ပါ"

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now