..ဟွား ဟား ...
သူမ ဒီတစ်ခါ အိပ်ရာမှနိုးတော့ လူက သာသာယာယာလေးဖြစ် ကိုယ်လက်ကိုက်ခဲ နာကျင်နေမှု့များလည်း သက်သာရာ ရသွားကာ အပျင်းကြောလေးပင် တရှည်တလျားဆန့်တန်းလိုက်ရင်း ခန္ဓာကိုယ်လေးလည်း ကွေးလိမ်လိုက်မိသည်။
ဟွား ..အိပ်လို့ကောင်းလိုက်တာ..
သူမတွေး အိပ်ရာမှ ထလိုက်ပြီးရေမိုးချိုး အဝတ်အစားလဲ ..
..အွန်း ဒီရောက်တုန်းတော့ coffee လေးဖြစ်ဖြစ် အရသာခံ သောက်သွားဦးမှ။ဝင်္ကပါထဲ ရောက်ရင် အလတ် coffee နှင့်ပင် တွေ့ရဦးမည်။
အလတ် coffee က မရှိ သောက်သဘောမျိုးပင်။ လူဆိုတာမျိုးက ပိုကောင်းသည့် အရသာ ခံမိပြီဆိုရင် ပိုကောင်းသည့် အရာကိုသာ ပိုတမ်းတတတ်စမြဲမဟုတ်လား။
ဝင်္ကပါထဲရှိတုန်း အလတ်၏ black coffe ပင် တစ်မြတ်တစ်နိုးသောက်ခဲ့ရလည်း ဒီရောက်တုန်းတော့ milk coffee လေးပင်ဖျော် အရသာခံသောက်သွားရမည်။ ဟီး..ကိုယ့်ဟာကိုယ်ပင် သဘောကျပြုံးအိမ်နောက်လာ စိတ်ကြိုက်ဝယ်ထားသော coffee mix တစ်ထုတ် mug ခွက်နှင့်ထည့်ဖျော်၊ဝယ်ထားသော နံကထိုင်မုန့်တွေလည်းထုတ် တစ်ယောက်ထဲ အေးဆေးအရသာခံ ထိုင်စားနေတော့သည်။
..ကောင်းလိုက်တာ။လူက ဒီလို သာသာယာယာ အေးအေးချမ်းချမ်း စိတ်အေးလက်အေး မနေရတာပင်ကြာနေပြီ။ဝင်္ကပါထဲလည်း ဝင်္ကပါထဲမို့ ဝတ္ထုထဲလည်း ဝတ္ထုထဲမို့ ပရလောကထဲလည်း ပရလောကထဲမို့နဲ့။
ပြေးရလွှားရ ပူရပင်ရ ကြောက်ရလန့်ရနှင့်။အမြဲတထိတ်ထိတ် လူက လူလိုပင်မနေရတော့။ခုတော့ အေးသည်။အိမ်မှာ ဘယ်သူမှလည်း မရှိ။အေးအေးချမ်းချမ်းနှင့်။...ဟင် ဒါနဲ့နေပါဦး။ ဒီနေ့ အိမ်မှာ ဘယ်သူမျှ မရှိကြဘူးလား ? နဂိုဆိုအိမ်မှာ ဖေကြီးကတော့ ပင်တိုင်အမြဲရှိနေတတ်တာ။ကိုကြီးကတော့ ထားပါတော့..
ပြန်တွေးစမ်း။နင် ရှင်းကိုယ်ထဲ မရှိချိန် ဒီအိမ်မှာ ဘာကိစ္စတွေ ဘာအကြောင်းအရာတွေ ဖြစ်သွားသလဲလို့။
ဪ ..ဒီနေ့ ဖေကြီးက ငယ်သူငယ်ချင်းတွေနဲ့စု ခရီးတိုတစ်ခု ထွက်သွားသည်။ ကိုကြီးကတော့ ထုံးစံအတိုင်း ဆေးရုံမှာ..
အဟပ်ဟပ်.. ပျော်လိုက်တာ။ ကိုယ့်ဟာကိုယ် ကြိုက်သလို..
တီတီ ..
သူမ တစ်ယောက်ထဲပျော်ရွှင် အိမ်ထဲပတ်ကမိ မလိုပင် ဖြစ်နေချိန် အိမ်ရှေ့ ဟွန်းတီးသံကြောင့် စိတ်ပျက်သွားရသည်။
..ဘာလဲ ? ဟိုကျက်သတုံး မိသားစု လာကြပြန်ပြီလား။
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
Paranormallove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။