Epilouge

41 6 0
                                    

ပိတ်ရက်ဖြစ်နေတာကြောင့် Euphoria Coffee Shop လေးမှာတော့ လူသူစည်ကားလျက်ရှိပြီး ဆူညံနေသည်။
သို့သော် ထိုကော်ဖီဆိုင်ရဲ့ သီးသန့်အခန်းလေးမှာတော့ ပြင်ပကနဲ့မတူစွာ ငြိမ်သက်နေသည်။
ထိုအခန်းလေးထဲ၌ရှိနေသော လူနှစ်ယောက်အနက် မိန်းကလေးဖြစ်သူက တိတ်ဆိတ်နေမှုကို အရက်ဖြိုခွဲလိုက်သည်။

"မောင်နဲ့ပတ်သက်မှုကိုရပ်ပေးပါ TaeHyung"

"အကြောင်းပြချက်က??"TaeHyung မှာထားတဲ့ StrawBerry Juiceကို ပိုက်နဲ့တစ်ချက်စုပ်သောက်ပြီးမေးလိုက်သည်။

"ဟ...မောင်က ငါနဲ့တရားဝင် လူသိရှင်ကြားလက်ထပ်ထားတဲ့ ငါ့အမျိုးသားလေ အဲ့လိုအိမ်ထောင်ရှိအမျိုးသားနဲ့တွဲခုတ်နေတာ မင်းမရှက်ဘူးလား ယောက်ျားတန်မဲ့ ဘယ်လိုတောင်မြှူစွယ်ထားလဲမသိ "

"အိုးဟို..ခင်ဗျားလူကို ကိုယ်က မြှူစွယ်တယ်??
ခင်ဗျားလူကိုလဲ သေခြာပွနျမေးကွညျ့ပါအုံး။
ကိုယ်ကပဲ မြူစွယ်ထားတာလား ခင်ဗျားလူကပဲ ကိုယ့်ကိုတန်းတန်းစွဲနေတာလားဆိုတာကိုလေ...
ခင်ဗျားကမှ Jeonကို မဆွဲဆောင်နိုင်လို့ ကိုယ့်ဆီရောက်လာတာပေါ့ ဘာလို့ကိုယ့်ကိုအပြစ်လာတင်နေတာလဲ အဲ့ဒါ ကိုယ့်အပြစ်မှမဟုတ်တာဘဲကို~~~It ain't my fault."

"တောက်စ်!! နင်..နင်!"Jeon SoHee တစ်ယောက် TaeHyungကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ဒေါသစိတ်ကြောင့် တုန်နေခဲ့သည်။
ဤသည်ကို TaeHyung က မထီပြုံးပြုံးရင်း သူ့ရဲ့ နေကာမျက်မှန်လေးကို ကောက်တပ်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး

"ပြီးတော့ အိမ်ထောင်ရှိအမျိုးသားနဲ့ ဖြစ်တာကို မရှက်ဘူးလားဆိုတဲ့မေးခွန်းက ကိုယ့်ကိုထက် ခင်ဗျားရဲ့အမေကို အရင်သွားမေးသင့်တယ်ထင်တာပဲနော်။
ပြောစရာလဲမရှိလောက်တော့တာမို့ သွားခွင့်ပြုပါအုံး...အအေးဖိုးကိုတော့ ကိုယ်ကပဲရှင်းသွားပေးလိုက်မယ် တရားဝင်ယူထားတဲ့ ယောက်ျားတစ်ယောက်လုံးကိုတောင် ကိုယ့်ဆီကနေ ခခယယပြန်တောင်းနေရတဲ့သူဆိုတော့ သနားလို့ပါ...See ya."ပြောပြီး TaeHyung လှည့်ထွက်လာလိုက်သည်။
သေချာပေါက် မျက်နှာက အောင်နိုင်သူရဲ့အပြုံးနဲ့ပေါ့။

(A/N- ဒီတစ်ခါပုံစံက ကျိန်းသေ အဆဲခံရမဲ့ပုံစံရေးမှာဆိုတော့ အများကြီးတော့ မမျှော်လင့်ပါဘူး ရေးချင်တဲ့ဇာတ်အိ်မ်လဲသေချာရှိတယ်ဆိုပေမဲ့ နွယ့်အရေးအသားတွေကြောင့် သေချာပုံမဖော်နိုင်မှာကြောက်ပေမဲ့ ကြိုးစားကြည့်တာတော့ အရှုံးမရှိပါဘူးလေနော့....
နှစ်ကုဋေကုဋာ updateဖြစ်နိုင်ပါတယ် ခုစတင်လိုက်တဲ့ Introမှာတင်မကြိုက်ရင် နွယ့်ကိုပြောပါနော် ပြန်ဖြုတ်သင့်ရင်ဖြုတ်ပစ်မလို့ပါ ကျေးဇူးတင်ပါတယ်ရှင်)













(A/N- ဒီတစ်ခါပုံစံက ကျိန်းသေ အဆဲခံရမဲ့ပုံစံရေးမှာဆိုတော့ အများကြီးတော့ မမျှော်လင့်ပါဘူး ရေးချင်တဲ့ဇာတ်အိမ်လဲသေချာရှိတယ်ဆိုပေမဲ့ နွယ့်အရေးအသားတွေကြောင့် သေချာပုံမဖော်နိုင်မှာကြောက်ပေမဲ့ ကြိုးစားကြည့်တာတော့ အရှုံးမရှိပါဘူးလေနော့....

His Prettiest DevilWhere stories live. Discover now