Hello!
ပထမဆုံးပြောချင်တာက အားနာလို့
သေချာလေးပြောပြချင်တာပါ။
ဒီရက်ထဲ တင်လိုက်သမျှ ficလေးတွေကို ပြန်ပြီးUnနေမိပါတယ်။သေချာလေးစိတ်နှစ်ပြီးရေးချင်ပေမယ့်
ခံစားချက်နဲ့အလှမ်းဝေးနေတဲ့ အနေအထားမျိုးတွေကိုပုံဖော်ပြီး
ရေးချင်ပေမယ့် သိပ်အဆင်မပြေဘူး။ကိုယ့်ကိုကိုယ်လည်းအားမရတာပါတယ်။ အမှန်တိုင်းပြောရရင် ရေးပြီးပြန်ဖျက်ခဲ့တဲ့ ficလေးတွေက စာဖတ်သူတွေအကြိုက်ပေါ်လိုက်ပြီး ရေးဖို့ဆုံးဖြတ်ခဲ့တာမျိုးပါ။
အဲဒီချိန်တုန်းကမရေးခင်စဥ်းစားမိခဲ့တာကလေ ငါစာဖတ်တဲ့သူတွေအကြိုက်ပုံစံလေးရေးမှသူတို့စိတ်ဝင်စားပြီးဖတ်ကြမယ်လို့လေ၊
သေချာပြန်တွေးကြည့်မိတော့
စာရေးတဲ့သူတစ်ယောက်က စာဖတ်တဲ့သူတွေရဲ့အကြိုက်ကိုလိုက်ပြီးပုံဖော်ရေးသားဖို့ဆိုတာမလွယ်ဘူး။ဇာတ်လမ်းတစ်ပုဒ်ပြီးမြှောက်ဖို့က
ခံစားချက်တွေအများကြီးနှစ်ရတယ်။
လူတစ်ယောက်နဲ့တစ်ယောက်က
အကြိုက်ချင်းလည်းမတူကြတာများမှာပါ ပြောရရင် ရုပ်အလွန်တူပါတယ်ဆိုတဲ့ အမွှာညီမ/မောင်နှမ တွေတောင်
အကြိုက်တူချင်မှတူမှာပါ။ဒါကတော့ကိုယ့်ကိုကိုယ်ပြန်ပြောတဲ့
စကားတွေကိုပြောပြတာပါ။ဒီလို" တစ်ယောက်တည်းဆို ကြီးပါပေ့
ဆိုတဲ့ အတွေးတွေသိပ်တွေးမိတာ၊
ပြီးရင် ကိုယ့်အတွေးနဲ့ကိုယ်ပိသေ။သေချာဆုံးဖြတ်ချက်ချလိုက်တော့
ရလာတဲ့အဖြေကဘာလဲဆိုရင်.......ဇာတ်လမ်းတစ်ပုဒ်စရေးဖို့ဆိုရင်
တက်နိုင်သလောက်ကိုယ့်အတွေးကိုယ်ပြန်ကြည့်ဖို့လိုတယ်ဆိုတာပါ။လိုရင်းကိုဒဲ့တိုးပြောရရင်တော့
နောက်ရေးမဲ့ဇာတ်လမ်းတွေအကုန်လုံး
ကကိုယ့်အကြိုက်တွေပဲပုံဖော်ရေးတော့မယ်လို့ပြောချင်တာပါ။လိုရင်းကတိုတိုလေး အပိုတွေပြောလိုက်တာအရှည်ကြီး TwT
စိတ်မငြိမ်သေးတဲ့ ငချွတ်လေးတစ်ယောက်မို့ ရေးပြီးရင်ပြန်Unမိတာတွေကို ခွင့်လွှတ်ပေးကြပါလို့။
ဘယ်သူမှတော့လာအပြစ်မတင်ပါဘူး။
ကိုယ့်ဟာကိုယ် လိပ်ပြာမလုံလို့🥴💙ဒါနဲ့တင်တော်တော်ရှည်နေပြီမို့
ဇာတ်လမ်းအတွက်Introကို
နောက်တစ်ပိုင်းဆက်တင်ပေးမယ်နော်။Hello!