Pt.34

690 95 86
                                        

ရေခဲတမျှအေးစက်နေတဲ့ရေပြင်ကျယ်ထဲမှာ သူလွင့်မျောနေတာ...

ထူးဆန်းစွာနဲ့ပဲ အနီရောင်ရေတွေက အဆုံးအစမဲ့... ထိုအရည်များ၏မြစ်ဖျားခံရာက သူ့လက်ကောက်၀တ်ဆီကပဲ....

ရုတ်တရက်ဆိုသလို သူ့ကိုသူပြန်မြင်နေမိတာက အံတင်းတင်းကြိတ်ပြီး သူ့လက်ကိုသူ လွယ်လွယ်ကူကူ‌တွေ့ရတဲ့ခက်ရင်းတစ်ချောင်းနဲ့ တစ်ချက်ပြီးတစ်ချက် ထိုးစိုက်နေခဲ့တာ...

တစ်ချက်တည်းနဲ့တော့မပြီးတာမို့ နာကျင်လို့အော်နေတဲ့သူ့အသံက ရေထဲမှာ ပလုံစီပြီးပျောက်ကွယ်နေတာ...

မကြာခင် ပိုပိုပြီးထွက်လာတဲ့သွေးတွေရယ်၊  မလှုပ်နိုင်တော့တဲ့လက်ကောက်၀တ်ရယ်၊ အသိစိတ်လွတ်ချင်ချင်ဖြစ်လာတဲ့ခံစားချက်ရယ်ကြောင့် သူဒီဒုက္ခတွေကနေ လွတ်မြောက်‌တော့မယ်လို့ တွေးလိုက်မိချိန်မှာ...

"ဂျင်"

ဟင့်အင်း... မခေါ်နဲ့.. ငါ့ကိုသွားခွင့်ပြုပါ...

"ဂျင်"

ငါပင်ပန်းလွန်းလို့ပါ...

"ဂျင်... သတိထားလေ"

သူ့ခန္ဓာကိုယ်ကိုပါ လှုပ်နိုးလာသည့်အထိအတွေ့ကြောင့် ဖြတ်ခနဲ မျက်လုံးများကပွင့်လာတော့...

"ဂျင်.. သတိရပြီလား"

သူ့ကိုအုပ်မိုးလာကာ စိုးရိမ်တကြီးကြည့်နေတဲ့သူ...

သင်းပျပျနှင်းဆီရနံ့ရေမွှေးက လက်ကျန်အင်အားကိုစုပ်ယူသွားသလို သူဟာ မလွတ်မြောက်ခဲ့ဘူးတဲ့လား...

"ဂျင်အဖျားကြီးပြီး အိပ်မက်ဆိုးမက်နေတာထင်တယ်... ကိုယ် ရေပတ်လေးတိုက်ပေးမယ်နော်"

သူ မျက်လုံးများကို တင်းတင်းပြန်မှိတ်လိုက်တော့ လိမ့်ဆင်းလာသည့်မျက်ရည်စတချို့က အကျဥ်းစံသူ့ဘ၀အတွက် စိတ်ထွက်ပေါက်သေးသေးတစ်ခုသာ...

~~~~~~~~~~~××××××××××~~~~~~~~~~~

"ဂျင့်ဆံပင်လေးတွေတောင် အရမ်းရှည်နေပြီ... ကိုယ်နောက်တစ်ခါလာရင် ညှပ်ပေးမယ်နော်"

ကြက်တောင်စည်းလို ထိပ်မှာစုချည်ပေးထားသည့် ဆော့ဂျင်၏ဆံပင်လေးကို ချစ်စနိုးကိုင်ရင်း ထယ်ယောင်းကပြောတော့ ဆော့ဂျင်ဘာမှပြန်မပြောပဲ မျက်၀န်းသေများဖြင့်သာ ထယ်ယောင်းကို ပြန်ကြည့်နေသည်...

𝐊ɪᴍ [taejin] ✅Where stories live. Discover now