Part 13 Uni/Zawgyi)

183 5 0
                                    

Part 13

နိုဝင်ဘာလရဲ့အအေးဓာတ်ကကျောထဲစိမ့်ကနဲ့
ရှိလှသည်။အညာလိုဒေသမျိုးမဟုတ်သည်အတွက်
ပူမနေဘဲမိုးနှောင်းမှရွာနေတဲ့မိုးကြောင့်ပုံမှန်အအေးဓာတ်ထက်
ပိုကဲနေတာကြောင့်အပြင်ကအအေးဒဏ်ကိုထူထဲသည်ဂွမ်းစောင်
ကခုခံပေးထားသည်။မျက်လုံးများကိုအားယူဖွင့်လိုက်ပြီး
ဘေးနားကိုကြည့်တော့ဘယ်သူမှရှိမနေ။ဖုန်းကိုယူကြည့်မိတော့မနတ်7နာရီခွဲပင်ရှိသေးသည်။
ခုလိုမိုးအေးအေးလေးနဲ့ဆက်အိပ်ချင်ပါသော်လည်း
ကိုယ်ကသူများအိမ်မှာရောက်နေတဲ့ဧည်သည်ဖြစ်သည်မို့
မထချင်ထချင်နဲ့ကုန်းရုန်းထလိုက်သည်။

အရမ်းအေးနေမှန်းသိသော်လည်း
မနတ်အိပ်ယာထပြီးရေချိုးတက်သည့်အကျင့်ကပြင်မရသည်မို့
မျက်နှာသစ်၊ရေမိုးချိုးကာ လိုက်သည်။
ရေချိုးလိုက်သည်မို့တစ်ကိုယ်လုံးချမ်းတုန်နေတာမို့
ဟူဒီအနက်ရောင်တထည်နဲ့ဘောင်းဘီအပွတစ်ထည်
ကိုကောက်ဝတ်လိုက်ပြီးအခန်းအပြင်သို့ထွက်လာလိုက်သည်။
ဟူဒီထည့်လာမိလို့သာပေါ့မဟုတ်လိုကတော့ဟိုလူအဝတ်တွေဝတ်နေရအုန်းမည်...။

ရတုထွက်လာသည်တိုင်မြူဆိုင်းကိုမိုးလင်းထဲကမတွေ့ရသေးပေ။
ဘေးပတ်ဝန်းကျင်မှာထိုလူကိုတွေ့လို့တွေ့ညား
လိုက်ရှာကြည်မိသည်။

"နိုးလာပြီလား မနတ္စာကို
ဒေါ်လေးပြင်ထားပေးတယ် က လေး"

ထိုလူအဒေါ်ဖြစ်သူကရတုကိုမြင်တာနဲ့စကား ဆိုလာသည်။
ထိုလူဘယ်သွားလဲသိချင်တာနဲ့အဒေါ်ဖြစ်သူကိုမေးလိုက်သည်။

"သူရော..."

"အော် သားငယ်ကသားကိုအိပ်ရေးမဝမှာဆိုးလို့
မနှိုးတော့ပဲဘုန်းဘုန်းဘုရားနဲ့အရေးကြီး
သူ့ကလေးတွေကိစ္စပြောစရာရှိလို့တဲ့
ကျောင်းကိုခဏသွားတယ်"

ထိုစကားကြားသည်နှင့်ရတုလက်သီးတွေကတင်းခနဲဖြစ်သွား
ပြီးဘာမှန်းမသိတဲ့ခံစားချက်ကြီးဖြစ်သွားတာမျက်နှာကပျက်ယွင်း
သွားသည်....။

*what သူ့ကလေးတွေဟုတ်လား မဟုတ်မှဒင်းကရွာမှာကလေးတွေဘာတွေရနေတာလား
ဒါ...ဒါဆို..သူ့မိန်းမနဲ့ကလေးကိုခေါ်ဖို့ပြန်လာတာလား
မဖြစ်နိုင်ဘူး Nooooo ခများအဲလိုလုပ်လို့မရဘူး
ကျုပ်နဲ့တော့တွေ့တော့မယ်ခများ...*

MY AUNT'S HUSBANT'S SON IS WICKEDDonde viven las historias. Descúbrelo ahora