နိုးထလာခဲ့တဲ့မနက်ခင်းဟာ ဖြတ်သန်းလာခဲ့တဲ့နေ့ရက်တွေ့ရဲ့မနက်ခင်းလို ဖြစ်မနေခဲ့တာတော့အမှန်ပါ အရင်ဆိုမနက်ခင်းထတာနဲ့ကျောင်းသွားရသည် အလုပ်လုပ်ရသည် ခေါင်းထဲလည်းဒီအတွေးသာရှိသည်
သို့သော် ဒီနေ့ကျမှ ဘာလို့အတွေးများပြီးတစ်ခုခုကိုလိုအပ်တဲ့ပုံစံမျိုးဖြစ်နေသည် အရမ်းတွေးရခက်သည်
ရာသီဥတုကလည်းသေလောက်အောင်အေးသည် မနေ့ညကလည်းနှင်းတွေကျသည်မို့
တော်တော်ကိုအေးလွန်းပါသည်အိပ်ယာကနေထပြီး မနက်စာလုပ်ဖို့ပြင်သည်စားနေကြဖြစ်တဲ့ပေါင်မုန့်နဲ့ကော်ဖီပေါ့ မနက်စာကို နှင်းကျနေတဲ့ရှုခင်းလေးကိုကြည့်ဖို့လိုက်ကာကိုဆွဲဖွင့်လိုက်သည်
ကော်ဖီကလည်းကိုယ်တိုင်ဖျော်သည်မို့ သူ့အကြိုက်ပင် သူ့အကြိုက်အရသာကိုပြောပါဆိုရင်သူကိုယ်တိုင်ဖျော်တဲ့အရသာရယ် starbuckရယ်ပေါ့
ကော်ဖီကတော့ဘယ်အချိန်မဆိုမပါမဖြစ်ပေါ့
မနက်စာစားနေရင်းတစ်စုံတစ်ယောက်ကခေါင်းထဲပေါ်လာသည်ဂျိန်းဆိုတဲ့ကောင်မလေးပေါ့
ဘယ်ထင်ထားပါ့မလဲ နှစ်ရက်လောက်သာတွေ့လိုက်ရပြီးဒီလောက်သံယောဇဥ်ဖြစ်သွားခဲ့မယ်လို့
သံယောဇဥ်ဆိုတာဘယ်လိုမျိုးလဲ အမှန်တိုင်းပြောပါဆိုရင်မနေ့ညက သူမနဲ့ခွဲခွာချိန်မှာဝမ်းနည်းရသည် ဘာလို့လဲ ခနတာခင်သွားတဲ့သူကို ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်လျှောက်လုံးလည်းဒီလိုမျိုးမကြုံဘူးပါ
ခက်သည် မနေ့ညကဘဲတွေ့ခဲ့သည်ကိုဘာကြောင့်လွမ်းနေတာပါလိမ့်
သူမဆေးကျောင်းတက်သည်ဆိုတာနဲ့သူ့ထက်အသက်တစ်နှစ်ကြီးသည်ဆိုတာကိုဘဲ သူမအကြောင်းကိုသိသည်
ထူးဆန်းတယ်မလား
အတွေးတွေနဲ့မသိတဲ့စိတ်ကလွမ်းနေတာတွေကိုခနရပ်ပြီး ကျောင်းကိစ္စလုပ်ဖို့ပြင်တော့သည်
တက္ကသိုလ်တက်ရတော့မည်မို့သူအလုပ်ကိုပိုကြိုးစားရမယ်ဆိုတဲ့အရာတစ်ခုကို သူတွေးထားတာပေါ့ မိဘကတော့ကြီးကြီးတတ်ချမ်းသာပေမဲ့သူအကူအညီမတောင်းချင်ပါ
YOU ARE READING
UNTIL I DIE
RandomIf the world was ending, I'd wanna be next to you If the party was over, our time on Earth was through I'd wanna hold you just for a while and die with a smile