Chapter 168: Meet an acquaintance

478 83 2
                                    

Unicode

ရှောင်ကျင့်ထျင်နှင့် အခြားသူများသည် စိမ့်တောဆီသို့ လျှောက်သွားခဲ့ကြပြီး လမ်းတွင် ချွီထောက်နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြသည်။

"စီနီယာအစ်ကိုချွီ.. မင်းဘာလို့ ဒီမှာရှိနေတာလဲ? မြို့ထဲကို မသွားသေးဘူးလား?" ရှောင်ကျင့်ထျင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ သူသိသလောက်တော့ တိမ်တိုက်စိမ်းအမတဂိုဏ်းကလူတွေ ထွက်သွားသင့်ပေပြီ။

ချွီထောက်က သူ့လက်ကို ဝှေ့ယမ်းပြီး "ဒါကို မပြောချင်တော့ပါဘူး၊ လွတ်မြောက်ဖို့အတွက် ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ရတယ်!" ဟု ဆိုသည်။

ရှောင်ကျင့်ထျင်သည် ချွီထောက်ကို အံ့အားသင့်စွာဖြင့် ကြည့်ကာ "ထွက်ပြေးလာခဲ့တာလား?"

ချွီထောက်က ခေါင်းညိတ်ပြီး "ဟုတ်တယ်။ စိမ့်တောကနေ လွတ်မြောက်ဖို့က မျှော်လင့်ထားတာထက် အများကြီး ပိုခက်ခဲတယ်။ ခေါင်းတွေကို မူးသွားတာပဲ။ ဒါ့အပြင် ဖန်ရှင်းပန်းတွေ ပြင်ဆင်ထားရုံနဲ့ မလုံလောက်ဘူး။ ဂရုမစိုက်ရင် အဆိပ်ရှိတဲ့ ပိုးကောင်တွေအပြင် လူသားစားတဲ့ အပင်တချို့လည်း ထွက်လာလိမ့်မယ်..."

"ပြီးတော့ လူတွေကို ရွှံ့ထဲကို ဆွဲသွင်းတဲ့ ရွှံ့နွံသားရဲတွေလည်း ရှိသေးတာ်။ အဲဒီရွှံ့နွံသားရဲတွေက အုပ်စုလိုက် လှုပ်ရှားကြပြီး သူတို့ကိုမသတ်နိုင်ဘူး။ စိမ့်တောထဲကို နက်နက်သွားလေလေ၊ သူတို့က ပိုအားကောင်းလေလေပဲ။ လူတစ်စုက ရွှေအမြုတေအဆင့် ရွှံ့နွံသားရဲနဲ့ ကြုံတွေ့ခဲ့ရပြီး လူခုနစ်ဦးထဲမှာ တစ်ယောက်ပဲ လွတ်မြောက်ခဲ့တယ်လို့ ကြားသိရတယ်"

ရှောင်ကျင့်ထျင် မျက်တောင်ခတ်ပြီး "ဒါက တကယ်အန္တရာယ်များတယ်!"

ချွီထောက်က ခေါင်းကုတ်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "ဟုတ်တယ်! ဒီလိုနဲ့ လမ်းတစ်ဝက်ရောက်တော့ ပြန်ဆုတ်လာခဲ့ရတယ်။ သေတာထက် အသက်ရှင်ရတာ ပိုကောင်းပါတယ်။ မြို့တွင်းမှာ ကောင်းတာတွေ အများကြီးရှိတယ်လို့ ကြားသိရပေမဲ့ ဒါက အရမ်းအန္တရာယ်များလွန်းတယ်"

ရှောင်ကျင့်ထျင်က ရယ်ပြီး "ဟုတ်တယ်! နာမည်ကြီး အုတ်မြစ်ချအဆင့် ကျင့်ကြံသူတွေတောင် စိမ့်တောရဲ့ အလယ်မှာ တိတ်တိတ်ဆိတ်ဆိတ် သေဆုံးသွားကြပြီလို့ ကြားတယ်"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOù les histoires vivent. Découvrez maintenant