Chapter 171: Leave the Secret Realm

387 83 2
                                    

Unicode

အချိန်တွေကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးနှစ်ကုန်သွားလေသည်။

ရှောင်ကျင့်ထျင်နှင့် အခြားသူများ ထွက်လာပြီးနောက် တိမ်တိုက်စိမ်းအမတဂိုဏ်းမှ အုတ်မြစ်ချအဆင့် ကျင့်ကြံသူ တစ်ဒါဇင်မျှသာ ကျန်ရှိတော့ကြောင်း တွေ့ရှိခဲ့ကြသည်။ သူတို့ လျှို့ဝှက်နယ်မြေသို့ စဝင်တုန်းက လူပေါင်းတစ်ရာကျော် ရှိခဲ့လေ၏။

ရှောင်ကျင့်ထျင်သည် လျိုကျင့်ရုန်ကို တိမ်တိုက်စိမ်းအမတဂိုဏ်း ကျင့်ကြံသူများကြားတွင် တွေ့ရှိခဲ့သည်။ လျိုကျင့်ရုန်သည် ရှောင်ကျင့်ထျင်နှင့် ရွှီမုရန်ကိုတွေ့လိုက်ရတော့ အံ့သြသွားသည်။

လျိုကျင့်ရုန်သည် အတွင်းမြို့ထဲသို့ လုံခြုံစွာဝင်ရောက်လာနိုင်ကြောင်းကို ရှောင်ကျင့်ထျင်မှသိသော်လည်း အတွင်းမြို့သည် ကြီးမားသောကြောင့် မတွေ့ဆုံခဲ့ကြပေ။

"ဂျူနီယာညီလေးရှောင် ပြန်တွေ့ရတာဝမ်းသာပါတယ်" လျိုကျင့်ရုန်က ပြုံးပြီး ရှောင်ကျင့်ထျင်ကို နှုတ်ဆက်သည်။

လျိုကျင့်ရုန်သည် ရှောင်ကျင့်ထျင်ကို နောက်တစ်ကြိမ်တွေ့မြင်ရတော့မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သူသည် မြို့တွင်းသို့ ဝင်ရောက်သောအခါတွင် လျိုကျင့်ရုန်သည် ရှောင်ကျင့်ထျင်ကို သူနှင့်အတူ ခေါ်ဆောင်သွားလိုသော်လည်း ဂိုဏ်းမှပေးသော မှော်ပစ္စည်းများက လူငါးဦးသာ မြို့တွင်းလမ်းကို ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်ရန် လုံလောက်သည်။ ရှောင်ကျင့်ထျင်က သူ့ကို အကူအညီမတောင်းတဲ့အတွက် လျိုကျင့်ရုန်က ရှောင်ကျင့်ထျင်ကို သူနှင့်အတူ မခေါ်သွားခဲ့ပေ။ နောက်ပိုင်းတွင် လျိုကျင့်ရုန်သည် ရှောင်ကျင့်ထျင်က မီးလမ်းကြောင်းကိုရွေးချယ်ခဲ့ကြောင်းကြားသိရပြီး ရှောင်ကျင့်ထျင်သည် သေပြီဟုထင်သောကြောင့် သူ့ကိုမရှာဖွေခဲ့ပေ။

ရှောင်ကျင့်ထျင်က "ချန်သခင်လေးကြောင့်သာမဟုတ်ရင် ကျွန်တော် ခင်ဗျားကိုပြန်တွေ့နိုင်တော့မှာမဟုတ်ဘူး" ဟု ကြောက်ရွံ့ဟန်ဆောင်ပြီး ပြောလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now