Chapter 172: Xiao Jing Ting's Worth

738 106 6
                                    

Unicode

လျှို့ဝှက်နယ်ပယ်မှ ထွက်သွားပြီးနောက် အောင်မြင်မှုများစွာရရှိခဲ့သည့် ကျင့်ကြံသူအမျိုးမျိုး၏သတင်းသည် ပျံ့နှံ့သွားသော်လည်း ရှောင်ကျင့်ထျင်သည် တိုးတိုးတိတ်တိတ် နေခဲ့ပြီး သူတို့၏တိုးတက်မှုအကြောင်းကို မည်သူမျှမသိရှိခဲ့ပေ။

ရံဖန်ရံခါတွင်၊ ရှောင်ကျင့်ထျင်သည် ချိုးယွင်နှင့် မုယွင်တို့နှင့် အကြောင်းအရာမျိုးစုံကို ဆွေးနွေးလေ့ရှိသည်။

ရှောင်ကျင့်ထျင်က ချိုးယွင်နှင့် မုယွင်အကြားဆက်ဆံရေးသည် များစွာကောင်းမွန်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသော်လည်း မုယွင်သည် လွန်ခဲ့သောသုံးနှစ်နှင့်နှိုင်းယှဉ်ပါက များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။

"မကြာသေးခင်က၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက စိတ်ဝိညာဉ်သန့်စင်ရေကို ရယူခဲ့တဲ့လူကို အရူးအမူးရှာဖွေနေတယ်" မုယွင်က ပြောသည်။

ရှောင်ကျင့်ထျင်က စပ်စုလိုက်၏။

"ကောင်းကင်နတ်ဘုရားဂိုဏ်းက ဝိညာဉ်သန့်စင်တဲ့ရေ ရသွားတဲ့လူကို ဘာကြောင့် ရှာနေတာလဲ? ဝိညာဉ်သန့်စင်ရေက ဝိညာဉ်စွမ်းအားအပေါ် ထူးထူးခြားခြားအကျိုးသက်ရောက်မှုရှိပေမယ့် အဲဒါက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူအတွက် သိပ်အသုံးမ၀င်ဘူးလေ။ သူတို့ဘာလို့ ဒီလောက်ကြီးကျယ်ကျယ်လုပ်နေကြရတာလဲ?"

မုယွင်က ခေါင်းယမ်းလိုက်ပြီး "တကယ်တော့ သူတို့က ဝိညာဉ်သန့်စင်ရေကို ရှာနေတာမဟုတ်ဘူး၊ အဲဒီဂူထဲမှာပဲရှိတယ်လို့ ကောလဟာလထွက်ထားတဲ့ နတ်ဘုရားခန္ဓာသန့်စင်နည်းစာအုပ်ကို ရှာနေတာပဲl"

"လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ဦးက ဂူထဲကိုဝင်ပြီး စာအုပ်ကိုမှတ်တမ်းတင်ခဲ့ပေမယ့်နောက်ဆုံး အစိတ်အပိုင်းတစ်ခုက ပျောက်ဆုံးသွားခဲ့တယ်"

ရှောင်ကျင့်ထျင်က သိချင်သွားသည်။ နတ်ဘုရားခန္ဓာသန့်စင်နည်း? ဒါက ကောင်းကင်နတ်ဆိုး ခန္ဓာသန့်စင်နည်း မဟုတ်ဘူးလား? ဒုတိယအတွေးတွင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းသည် လေးစားထိုက်သော အဓိကဂိုဏ်းတစ်ခုဖြစ်ကြောင်း မှန်းဆမိပြီး ကောင်းကင်နတ်ဆိုးခန္ဓာကိုယ် သန့်စင်နည်းကို လေ့ကျင့်ရန် ၎င်းတို့အတွက် မသင့်လျော်သောကြောင့် နတ်ဘုရားခန္ဓာသန့်စင်နည်းဟု ပြောင်းလဲခေါ်ဝေါ်ခြင်း ဖြစ်နိုင်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang