မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ(Season2)part9

850 20 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮ဒုတွဲ

(အခန်း၉)

လွန်ခဲ့သည့်သုံးနှစ်ကျော်က~~~

"တေဇ အကိုလေးတို့ကားထွက်
သွားပြီလား"

"မသွားသေးဘူးဂျက်စ် ဘာလို့လဲ"

"စံအိမ်မှာတစ်ခုခုဖြစ်နေတယ်ကွ"

"ဟမ် ဘာဖြစ်လို့လဲ..."

"အကိုလေးတို့ကားထွက်သွားကတည်းက
စံအိမ်ထဲကလူတွေ အထူးသဖြင့်
သခင်ကြီးလူတွေနဲ့ယူရီလူတွေ
စုစုဝေးဝေးဖြစ်နေကြတယ်..."

"ဟုတ်လား..ဘာဖြစ်လို့လဲ"

"သူတို့တစ်ခုခုကိုပြင်ဆင်နေကြတယ်
အကိုလေးတို့တစ်ခုခုတော့မဖြစ်လောက်
ပါဘူးနော်"

"အာ..မဖြစ်လောက်ပါဘူးကွာ..ဒါပေမယ့်
စံအိမ်ထဲမှာအဲလိုရုတ်ရုတ်သဲသဲဖြစ်နေတော့
စိတ်တော့ပူသားကွ"

"ဒါဆို ငါတို့လိုက်သွားကြမလား"

"အေး ကောင်းတယ်.."

"အခြေနေကြည့်ပြီး လိုက်သွားရအောင်"

တေဇနဲ့ဂျက်စ် နှစ်ဦးသား လက်ဖဝါးချင်း
ရိုက်၍ အခြေနေကြည့်ကာအကိုလေးတို့ဆီ လိုက်သွားရန်ဆုံးဖြတ်လိုက်ကြသည်။

*
*
"တေဇ..ယူရီ့လူတွေစံအိမ်ကနေ
အကုန်ထွက်သွားပြီ"

ဂျက်စ်ရဲ့စကားကြောင့် တေဇ အသင့်
ပြင်လိုက်ရင်း

"သွားမယ် ဂျက်စ်...အကုန်အဆင်သင့်ပဲ"

ဂျက်စ်နဲ့တေဇ သူတို့တပည့်များကို
ခေါ်ရင်း ယူရီ့လူတွေသွားရာနောက်
လိုက်ခဲ့ကြလေသည်။

ဟိုရောက်တော့ထင်သည့်အတိုင်းပင်
အကိုလေးတို့သွားသည့်ကားကြီးကွင်းကို
ယူရီ့တပည့်များအားလုံးကဝိုင်းကာ
နေရာယူစောင့်ကြည့်နေကြသည်။

အကိုလေးတို့မနေ့ကတည်းက ကားနဲ့
လိုက်သွားပါစေဟုဆုတောင်းမိရင်း
တေဇနဲ့ဂျက်စ်ကားပေါ်မှ ထိုင်စောင့်
နေလိုက်ကြသည်။

"အကိုလေးတို့ မနေ့ကတည်းက
ထွက်သွားရင်တော့ အဆင်ပြေမယ်ကွာ"

"ငါတော့မထင်ဘူးတေဇ..ယူရီအခုလိုမျိုး
သူ့လူတွေနဲ့စောင့်ကြည့်ထားတာဟာ
အကိုလေးတို့ဒီအနီးတစ်ဝိုက်မှာ
ရှိတယ်ဆိုတာ သူကြိုသိနေလို့ပဲဖြစ်ရမယ်"

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Donde viven las historias. Descúbrelo ahora