(Unicode)
"လာကြပြီလား"
"အေး နည်းနည်းနောက်ကျသွားတယ်"
သူရိန်ပညာတော်သင်မသွားခင် နှုတ်ဆက်ပွဲလေးလုပ်မည်ဆို၍ daouနဲ့offroadလာခဲ့ကြလေသည်။
"သုတ အသည်းကွဲနေတာလား"
"အသည်းကွဲရအောင် ငါကအထားခဲ့ခံရတာမှမဟုတ်တာ သူကပညာတော်သင်သွားတဲ့ကိစ္စကို"
"ဘာပဲဖြစ်ဖြစ် အထားခံလိုက်ရတာပဲလေ"
"မင်း"
"သုတ တော်ပြီ"
သူရိန်မှလှမ်းတားလိုက်သည်၊
daouမှာ သူရိန်နဲ့သုတ တွဲနေသည်ကိုသိလိုက်ရတုန်းက အနည်းငယ်အံ့ဩခဲ့ပေမဲ့ ဟိုအရင်ကတည်းက သူတို့နှစ်ယောက်ကြား တစ်ခုခုရှိလာမည်ကို ရိပ်မိခဲ့တဲ့အတွက် အထူးအဆန်းတော့ဖြစ်မနေခဲ့ပါ၊
"သောက်လေ"
"တော်ပြီ ကားမောင်းရမှာ"
"ခါတိုင်းလည်း မင်းသောက်ပြီး ကိုယ့်ဘာသာကားမောင်းတာပဲလေ"
"အခု offroadပါလို့"
"ချစ်တတ်လိုက်တာ အတိတ်မေ့နေလို့ပဲနော်"
"ပါးစပ်ပေါက်ပိတ်ထား"
***"အကို daou"
"ရန်ပိုင်"
"အသိလား"
offroadမှ ကြားဖြတ်ဝင်မေးလိုက်သည်၊
"ကျောင်းတုန်းကသူငယ်ချင်း"
"ဪ"
daouကျောင်းတုန်းက သူငယ်ချင်းတွေမှာ သူရိန် သုတ ဟိန်းခန့်တို့ပဲရှိတာလို့ offroadသိခဲ့ပေမဲ့ အခုသူ မသိသော သူငယ်ချင်းတစ်ယောက်ပေါ်လာခဲ့သည်။
"ရန်ပိုင်ကို ငါဖိတ်လိုက်တာ ဟိုရက်ပိုင်းလောက်က ငါ့ကော်ဖီဆိုင်မှာတွေ့ကြတာလေ အဲ့တာစကားပြောရင်းနဲ့ ငါ့နှုတ်ဆက်ပွဲရှိတယ် အားရင်လာဖို့ပြောလိုက်တာ၊ ထိုင်လေ ရန်ပိုင်"
ရန်ပိုင် ထိုင်စရာနေရာအကျယ်ကြီးရှိပေမဲ့ daouနားဝင်ထိုင်လိုက်သည်။
"မတွေ့ရတာကြာပြီနော်"
"အွန်း"
"သူက"
YOU ARE READING
ကိုယ့်အပိုင် (ongoing)
Roman d'amourDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်