အပိုင်း18

90 5 0
                                    

"အကိုလေး "

အကိုလေးလို့ ခေါ်လာတဲ့ ကိုကျော်ထက်ကို နေ့ စိုက်ကြည့်ပေးလိုက်သည်။

"အာ မေ့သွားလို့ပါ Boos "

"Boss က ကုမ္ပဏီ လာတော့ ကျွန်တော် ပျော်သွားလို့ပါ "

"ကိုကျော်ထက် သက်သာသွားတာပေါ့ ဟုတ်လား "

"ဟီး "

Bossက ပြန်လာတော့ သူ သက်သာသည်မဟုတ်လား။

"လက်မှတ်ထိုးတာတို့ တင်ပြစရာ ရှိတာတို့ဆိုရင် လွမ်းသတ်တန့်ရောင်ခြည်ကို လုပ်ခိုင်းလိုက် အခြားသူတွေ လာပို့မယ့် ဖိုင်တွေလည်း သူ့ဘဲလာပို့ခိုင်းလိုက် "

"ဟုတ်ကဲ့ Boss "

ဒီလောက်အလုပ်လုပ်ချင်တာ ခိုင်းပစ်အုံးမယ်။ လွမ်းသတ်တန့်ရောင်ခြည်တို့က ခေါင်းကြောမာသည်လေ။

ဒေါက် ဒေါက်

တံခါးဖွင့်ပြီး ဝင်လာတဲ့သူက

"လက်မှတ်ထိုးရမယ့် ဖိုင်တွေပါ Boss"

အလွမ်း မောင့်ကို ဖိုင် အထပ်လိုက်ပေးလိုက်သည်။ ဒီနေ့မှ ကုမ္ပဏီ ကလူတွေက Bossဆီ ပို့ရမယ့် ဖိုင်တွေ အကုန် အလွမ်းကိုသာ ခိုင်းကြသည်။

နေ့ သာလိကာလေးကို မျက်လုံးလှန်ပြီးသာ တစ်ချက်မော့ကြည့်လိုက်သည်။

"လက်မှတ်ထိုးပြီးမှ လာ "

အလွမ်းပြောလို့တောင် မပြီး

"ထိုင်စောင့်နေ "

ဂုဏ်ဆာနေတာ နေ့အလင်းရောင်တို့

"ဟုတ်ကဲ့ "

ဖိုင်က အထပ်လိုက်ကြီး ဘယ်အချိန်ပြီးမှာလည်။ နေ့အလင်းရောင်တို့ သက်သက် လုပ်နေတာ။

"ခများစိတ်ထဲမှာ ပြောနေတာ ကျုပ်အကုန်ကြားတယ်နော် "

နေ့ ပြောတော့ သာလိကာလေးက နေ့ ကို စွေကြည့်လာသည်။

"ဆိုဖာမှာ သွားထိုင်စောင့်နေ "

နေ့ပြောတော့သာလိကာလေးကဆိိုဖာမှာ သွားထိုင်နေသည်။ နေ့လည်း ဖိုင်အထပ်လိုက်ကို စစ်ကာ လက်မှတ်ထိုးနေလိုက်သည်။ သာလိကာလေးကို တစ်ချက်တစ်ချက် လှမ်းကြည့်ရတာလည်း အလုပ်တစ်ခု ဖြစ်သည်။ ပင်ပန်းမှာဆိုးလို့ အနားခေါ်ထားတာကို လူကို နဂါးမျက်စောင်းနဲ့ ကြည့် ကြည့်နေတာ တစ်ချက်တစ်ချက်ဆို နေ့ နဲ့ အကြည့်ချင်းဆုံတော့ သာလိကာလေးကဘဲ အကြည့်လွှဲသွားတတ်သည်။

မောင့် ရောင်ခြည်ငယ်(Ongoing)Where stories live. Discover now