ကလေးတစ်ယောက် ရေနစ်သွားတယ် ကြားတာနဲ့ နှောင်းမဏိရှိန်နဲ့အတူ သစ်သစ်ပါ ရေကန် ဆီကို အမြန်ပြေးသွားသည်
ရေကန်ဆီကိုရောက်တော့ ကလေးဟာ သစ်သားတုံးပေါ်မှာ ရှိနေပြီး နေဝင်ဆည်းဆာဟာ ရေအောက်သို့ ထိုးကျသွားတာကို နှောင်းမဏိရှိန် မြင်လိုက်သည်
ချက်ချင်းပင် နှောင်းမဏိရှိန်ဟာ ရေထဲ ထိုးဆင်းပြီး နေဝင်ဆည်းဆာ ရှိရာကို ကူးခက်လာသည်
ရေနက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်နေတဲ့ နေဝင်ဆည်းဆာကို နှောင်းမဏိရှိန် အမြန်ပင် ကူးခက်ပြီး နေဝင်ဆည်းဆာ ရဲ့ ကိုယ်လေးကို ဆွဲပြီး ရေပေါ်သို့ ပြန်တတ်လာပြီး ကန်ဘောင်ဘက်ကို ကူးခက်လာသည် ကန်ဘောင်ပေါ်ရောက်တော့ နေဝင်ဆည်းဆာဟာ ကိုယ်ထဲ ရေတွေဝင်နေတာကြောင့် သတိလစ်နေသည်
နှောင်းမဏိရှိန်ဟာ နေဝင်ဆည်းဆာရဲ့ ရင်ဘက်ကို ၃ချက်၄ချက် ဆက်တိုက် ဖိလိုက် နှုတ်ခမ်းမှ တစ်ဆင့် လေမှုတ်လိုက်နဲ့ ၃ ကြိမ် ၄ကြိမ်လောက် လုပ်ပြီးမှ နေဝင်ဆည်းဆာ သတိရလာသည်
"အဟွတ် အဟွတ် အဟွတ်.."
ဆည်းဆာ သတိပြန်ရလာပြန်ပြီလား တကယ်ဆို ဆည်းဆာ သေသွားရမှာ ဆည်းဆာ သေမှ ဟိုလူယုတ်မာ လက်ထဲက လွတ်နိုင်မှာလေ ဟူးးး
"အာ ရှင်..."
"မှောင်ရိပ်ပျိုး အလောင်း မမြင်ချင်ရင် ပါးစပ်ပိတ်ထားလိုက်" နှောင်းမဏိရှိန်ဟာ နေဝင်ဆည်းဆာကို ချီလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်
နေဝင်ဆည်းဆာဟာ ချက်ချင်းပင် ငြိမ်ကျသွားသည်
"သစ်သစ် ကလေးတွေ ခေါ်ပြီး သွားတော့"
"ဟမ် အင်း.." ဒီနေ့မြင်ကွင်းကို အစ အဆုံး မြင်လိုက်ရနဲ့ သစ်သစ်ကတော့ သူ့မြင်ရတာ တကယ်တော့ ဟုတ်ရဲ့လား ဆိုပြီး ကိုယ့်လက်ကို ပြန်ဆွဲစိပ်ကြည့်သည်
"အာ့ နာတယ်ဟ ဒါဆို တကယ်ပေါ့ ဒီကိစ္စကို အက္ခ နဲ့ lily ကိုပြောရင်တောင် ယုံကြမှာ မဟုတ်ဘူး "
"ရပြီ ချတော့" အခန်းထဲ ရောက်တာနဲ့ နေဝင်ဆည်းဆာဟာ နှောင်းမဏိရှိန်ကို အမြန်ပင် ချခိုင်းလိုက်သည်
YOU ARE READING
ဗီလိန် (Villain)
Romance"ကျွန်မ ဘဝမှာ အမုန်းဆုံးက ရှင်ပဲ နှောင်းမဏိရှိန်" (နေဝင်ဆည်းဆာ) ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်