(13.1)D အဆင့်စစ်ဆင်ရေး

233 42 0
                                    

(13.1)  D အဆင့်စစ်ဆင်ရေး

စစ်တပ်ဘက်ကရော ကျောင်းဘက်ကပါ မျက်နှာဖုံးတပ် ကြယ်ပင်လယ်ဓားပြ Roux ယူသွားတဲ့ ကုဒ်ရဲ့ ကော်ပီယူလာပေးဖို့ တောင်းခဲ့ကြတယ်။

ကြည့်ရတာ လင်းနျဉ်ဖြေရှင်းထားတဲ့ ကုတ်ရဲ့အဖြေက မှန်နေတဲ့ပုံပဲ __ ဒီလိုဆိုရင်  Roux က ဖြေရှင်းထားတဲ့ကုဒ်အစား ဘာကြောင့်မူရင်းကုဒ်ကိုပဲ ယူသွားရတာလဲ?

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကြယ်ပင်လယ်ဓားပြကြီးက ဘာတွေကို စီစဥ်နေတာလဲဆိုတာနှင့် သူ့ရဲ့ အကြံအစီတွေကို သိရဖို့အတွက် ကြိုးစားတွေးတောရင်း သူတို့ဦးနှောက်တွေက ဂီယာလိုမျိုး အဆက်မပြတ်လှုပ်ရှားနေကြရတယ်။

ထိုသူက အလွန်အမင်းလျှို့ဝှက် ဆန်းကြယ်လွန်းတယ်။ သူရဲ့ မွေးရပ်မြေမိခင်ဂြိုလ်က ပျက်သုဉ်းသွားခဲ့တာ အချိန်ကာလအားဖြင့် အလွန်ကြာမြင့်သွားခဲ့ပြီ။

ဒါကြောင့် အင်ပါယာရဲ့ စုဆောင်းမှုတွေထဲမှာ သူရဲ့နောက်ခံအချက်အလက်တွေနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေနှင့်  သတင်းအချက်အလက်တွေက ဘာတစ်ခုကို မကျန်ရှိတော့ဘူး။

သူ့ရဲ့ စွမ်းဆောင်ရည်တွေနှင့်၊ သူ့အကြောင်းနှင့်ပတ်သက်ပြီး ဘယ်လိုအချက်အလက်ကိုမှ မသိထားရတာက သူ့ကို အင်ပါယာအတွင်းမှာ အန္တရာယ်အရှိဆုံး  ပြိုင်ဘက်ဖြစ်လာစေခဲ့တယ်။

ဒါပေမယ့် ဒီကိစ္စတွေအကုန်လုံးက ကျောင်းသားသစ်တွေနဲ့ သိပ်ပြီးတော့ မသက်ဆိုင်ပါဘူး။

ငါးရက်တာကာလက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားခဲ့တယ်။ တစ်ခြားဂြိုလ်မှာ စုဆောင်းခေါ်ဆိုခဲ့တဲ့ ကျောင်းသားတွေကလည်း သူတို့ရဲ့ ဝင်ခွင့်စာမေးပွဲတွေကို ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ ညစ်ပတ်စုတ်ပြတ်စွာနှင့် Topia ကိုရောက်လာခဲ့ကြတယ်။

သို့ပေမယ့် သူတို့ကို အံ့ဩသင့်စေတာကတော့  သူတို့တွေ အကယ်ဒမီရဲ့ လှပမှုတဲ့ ရှုခင်းလေးတွေကိုတောင် မခံစားရသေးခင်မှာဘဲ အကယ်ဒမီမှ သူတို့ကို ဝင်ခွင့်အခမ်းအနားပွဲကို တက်ရောက်ခိုင်းတာပဲ။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now