ပထမဦးဆုံး အမှုရင်ဆိုင်တဲ့ရက်မှာ Aidenသည် အခက်တွေ့ရတာမျိုးမရှိပေမဲ့ Louisခေါ်လာသည့် ရှေ့နေမှာပြင်သစ်ကထိပ်တန်းရှေ့နေဖြစ်တာကြောင့် စကားပြောဂရုစိုက်ရ၏။ သက်သေတို့ဖြင့် ပြည့်နှက်နေပေမဲ့ စိတ်ပူသည်က Louisက ငွေနဲ့ဖုံး၍ အနိုင်ရသွားမှာကိုပေ။ သို့ပေမဲ့ Cindeကငွေကိစ္စအားစိတ်မပူဖို့ပြော၏။ သူမ၏ပိုင်ဆိုင်မှုသည် Louisထက်များတာမို့ အဓိကLouisကို ထောင်ကျသည့်အပြင်၊ဘဝတစ်ခုလုံးစုတ်ပြတ်သတ်သွားအောင်သာ လုပ်ပေးပါဟု သူမတောင်းဆို၏။
ပထမဦးဆုံး အမှုရင်ဆိုင်တဲ့ရက်ကတော့ ပြီးဆုံးသွားခဲ့၏။ ပထမဦးဆုံးရက်ဖြစ်တာတောင် Aidenတို့ဘက်ကသာနေသည်ကြောင့် Louisတို့မှာအခက်တွေ့ရ၏။ လန်ဒန်၏ ရဲတွေ၏ထိန်းချုပ်မှုအောက်မှာပဲ နေနေသေးသည့် Louisသည် တရားရင်ဆိုင်မှုပြီးတော့ အချုပ်ထဲသို့ပြန်လည်ပို့ဆောင်ရ၏။
ထိုအခါ Aiden၏ဘေးကနေဖြတ်သွားရသည်ကြောင့် Aiden၏အနားကိုရောက်တော့ သူ၏ခြေလှမ်းတွေကိုရပ်လိုက်ပြီး Aidenကို အသံတိတ်ဒေါသဖြင့်စိုက်ကြည့်၏။ Aidenကတော့ သူ၏ပုံစံအတိုင်း မျက်နှာထားတင်းတင်းနဲ့အေးတိအေးစက်သာပြန်စိုက်ကြည့်နေလိုက်၏။
"ငါကပြင်သစ်က နာမည်တစ် သူဌေးဖြစ်တဲ့အတွက် လွယ်လွယ်နဲ့ ငါထောင်ထဲအရောက်ခံမှာမဟုတ်ဘူး မင်းတို့ဘယ်လောက်ပဲ ကြိုးစား နောက်ဆုံးအနိုင်ရမယ့်လူက ငါပဲ ဘာလို့ဆိုမင်းတို့ကအားနည်းတဲ့သတ္တဝါတွေဖြစ်လို့ပဲ လောကကြီးမှာအောင်နိုင်သူတွေက အားကြီးတဲ့လူတွေပဲဆိုတာမြဲမြဲမှတ်ထား"
အံကိုကြိတ်၍ Aiden၏ဒေါသကိုစွသည့် အပြုံးမျိုးဖြင့် ပြောပေမဲ့ Aidenကတော့ အေးတိအေးစက်သာစိုက်ကြည့်နေ၏။သူ၏မျက်နှာမှာဘာခံစားချက်မှမပြနေပဲ ပလိန်း သက်သက်သာ။ သို့ပေမဲ့ ထိုအေးတိအေးစက်မျက်နှာ၌ ပေါ်လာသည့် ခပ်ချေချေအပြုံးကတော့ Louis၏ဒေါသကိုစွပေး၏။ ဘာမှမပြောပေမဲ့ ထိုအပြုံးနဲ့ထိုကြောက်ရွံ့မှုကင်းမဲ့နေသည့် မျက်ဝန်းတွေက Louis၏စကားတွေက အကျိုးသက်ရောက်မှုမရှိတာကိုဖော်ပြနေ၏။
ထို့ကြောင့် Louisတစ်ယောက် ဒေါသတကြီးနဲ့ ရဲတွေဖြင့်အတူလိုက်သွားရလေ၏။ Aidenကတော့ ခပ်အေးအေးသာစိုက်ကြည့်နေပြီးနောက် သူ၏အမှုသည်ဖြစ်သည့် Adeline ကို စိတ်ကိုချထားပါ ဟုပြောသည့် အမူအယာအဖြစ်ခေါင်းကိုညိတ်ပြ၏။ ထိုအခါသူ၏တင်းမာနေသည့်မျက်နှာမှာပျော့ပျောင်းသွားလေသည်။ Adeline လည်းသူ၏စကားကိုနားလည်ကြောင်းခေါင်းပြန်ညိတ်ပြလေ၏။
YOU ARE READING
Jax /ခေတ္တရပ်နားထားသည်/
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...