Bamboo Forest ...
ကျိုတို မြို့ရဲ့ အထင်ကရ ဝါးရုံတောလေး ...
မြို့ပြအတွင်းက နေရာတစ်ခုလို့ မထင်မှတ်ရလောက်အောင် သဘာ၀ဆန်ဆန်လှလွန်းသည့်နေရာတစ်ခု ...
ဝါးရွက်စိမ်းလေးများဖြင့် အုံ့မှိုင်းနေလျက် ...
ထိုသို့ စိမ်းစိုသာယာလွန်းလှပါသော ဝါးသစ်တောလေး၏ အ၀င်ဂိတ်အတွင်းသို့ ရဲရဲတောက် အနီရောင် ပြိုင်ကားတစ်စီး ညင်သာစွာ မောင်းနှင်လာသည်။
ကားများရပ်နားရာ နေရာတစ်ခုတွင် ဂိတ်ထိုးလိုက်ကာ ချောမောခန့်ညားသည့် လူငယ်နှစ်ယောက်သည် ကားတံခါး တစ်ဖက်တစ်ချက်စီဖွင့်ရင်း ပြိုင်တူဆင်းလာသည်။
လေနဲ့အတူ ဝဲလွင့်နေသည့် ဝါးရွက်လေးတွေ အချင်းချင်း ပွတ်တိုက်ရာမှ ထွက်ပေါ်လာတဲ့ ရှပ်..ရှပ် ဟူသော မြည်သံများမှလွဲ၍ ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်းနေကာ လေတိုးသံများမှအပ ဘာမှမကြားရ။
×××××××××××××××××××××××××
အမြဲတမ်း အိမ်နှင့်ကျောင်းသာ သွားလာဖူးပြီး တစ်ခါတစ်လေမှသာ Shopping Mall တွေရှိရာ ဈေး၀ယ်ထွက်ဖူးသူ ဂယူဘင်း အတွက်တော့ ဝါးသစ်တော၏ အလှတရားတို့က မြင်လိုက်ရချင်းမှာပင် စိတ်နှလုံးကို အပြည့်အ၀ ညိူ့ ယူဖမ်းစားသွားလေသည်။
" သာယာလိုက်တာ ... ဒီနေရာကို ခေါ်လာပေးလို့ ကျေးဇူးပဲ "
သူ နဲ့ ရန်ဖြစ်ထားတယ်ဆိုတာတောင် ကျွန်တော်မေ့လျော့သွားမိတဲ့အထိ ... မရေမတွက်နိုင်အောင် အစီအရီပေါက်နေသည့် ဝါးပင်တွေရဲ့ သဘာ၀အလှတရားအောက်မှာ နစ်မျောသွားမိတာကြောင့် လွှတ်ကနဲ နှုတ်ကထွက်သွားမိသည်။
"အထဲ၀င်ကြရအောင်"
ဆိုပြီး သူ့လက်တစ်ဖက်ကို ကျွန်တော့်အား ကမ်းပေးလာတော့မှ အသိပြန်၀င်လာခဲ့သည်။
YOU ARE READING
Missing Someone
Fanfictionအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။