အပိုင်း 19

103 6 0
                                    

"ထွက်လာတော့ ဘယ်သူမှမရှိ​ ​ တော့ဘူး "

ခုချိန်ထိ သန့်စင်ခန်းထဲက မထွက်လာသေးတဲ့ သာလိကာလေးကို နေ့ ထွက်လာဖို့ ပြောနေတာ နာရီဝက်လောက်ရှိတော့မည်။

လွန်ခဲ့သော နာရီအနည်းငယ်

"အခုလို ကျွန်တော်နဲ့ ယုံယုံကြည်ကြည် လက်တွဲပေးလို့ ကျွန်တော့်ဘက်ကနေ ကျေးဇူးတင်တဲ့အနေနဲ့ ဒီည ကျွန်တော့် ဘက်က ဒကာခံပါရစေ "

"ဟား ဒါက ဦးလေးတို့ဘက်ကလည်း မောင်နေ့အလင်းရောင်ရဲ့ လုပ်နိုင်စွမ်းကို သိပြီးပြီမို့ အခုလို ယုံကြည်ရဲတာ "

"ဒါပေါ့ ကိုနေသူရိန် ရဲ့ "

ရုံးခန်းထဲမှာ ရှယ်ယာရှင်တွေ စုပြီး စကားပြောနေတာဖြစ်သည်။ အခု လုပ်နေတဲ့ project က ခန့်မှန်းထားတာထက် ကျော်လွန်ပြီး အမြတ်ရခဲ့သည်။

နေ့တို့ စကားပြောနေတဲ့အချိန်

"မောင် "

တံခါးဖွင့်တော့ လူအားလုံးက သာလိကာလေးဆီ အကြည့်ရောက်သွားကြသည်။သာလိကာလေးက ဘယ်သူ့မှ အရေးမလုပ်တဲ့ပုံစံနဲ့ နေ့ကိုလာဖက်ကာ

"အဆင်ပြေလား မေကြီးတို့ က ဒီတိုင်း ကား အက်ဆီးဒင့် ဖြစ်သွားတာပါ ငါမင်းကို လိမ်ထားတာမဟုတ်ပါဘူး အင့် မင်းအဆင်မပြေဖြစ်မှာ စိုးလို့ပါ "

Bossကို ဖက်ကာ ငိုပြီး စကားတွေ ပြောနေတဲ့ ချစ်ရသူကိုကြည့်ကာ ကျော်ထက် ကြောင်အလျက်ရှိနေသည်။

ဒါဆို ညီပြောတဲ့ ချစ်စရာကောင်းတဲ့ ညီ့ရဲ့မောင်က Bossပေါ့။ အီး Bossက ဘယ်မှာ ချစ်ဖို့ကောင်းနေလို့လည် ။ လူတွေ ရှိနေသေးတာကြောင့် ကျော်ထက်ကဘဲ ချောင့်ဟမ့်ကာ သတိပေးလိုက်ရသည်။

အဟမ့် အဟမ့်

ကိုကျော်ထက် ချောင်းဟမ့်တော့မှ နေ့လည်းသာလိကာလေးကို အသာ ဆွဲထုတ်ရတော့သည်။

"ရောင်ခြည် လူတွေ ရှိနေတယ် "

"ဟမ် "

ဒီတော့မှ သာလိကာလေးက နေ့ ကိုဖက်ထားရာက လွှတ်ပေးကာ မျက်းလုံးဝေ့ပြီးကြည့်ကာ ခေါင်းပြန်ငုံ့သွားသည်။ ရှက်သွားမှာပေါ့

မောင့် ရောင်ခြည်ငယ်(Ongoing)Where stories live. Discover now